Thursday, February 21, 2008

အာမေးနီးယား သမ္မတရွေးကောက်ပွဲ ပြည်သူတို့ တစ်ခဲနက် မဲပေးလျက်ရှိ

ယခင် ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အာမေးနီးယားနိုင်ငံတွင် သမ္မတရွေးချယ်ရန် ပြည်သူတို့က တစ်ခဲနက် မဲပေးလျက်ရှိသည်။
ပြဿနာ
အာမေးနီးယားပြည်သူများ ယနေ့ရင်ဆိုင်နေရသည့် ပြဿနာများမှာ အလုပ်လက်မဲ့ ပြဿနာ၊ ဆင်းရဲမွဲတေမှုနှင့် နိုင်ငံအတွင်း ခေတ်စားနေသည့် အဂတိလိုက်စားမှုများပင် ဖြစ်သည်ဟု ဆိုသည်။
အာမေးနီးယားနိုင်ငံသည် လူဦးရေ ၃ ဒသမ ၂ သန်းရှိပြီး နိုင်ငံငယ်သော်လည်း စွမ်းအင်ကြွယ်ဝသည့် ကက်စပီယံပင်လယ်နှင့် တောင်ပိုင်း ဥရောပ၏ ဓာတ်ငွေ့နှင့် ရေနံဈေးကွက်များအကြား တည်ရှိသဖြင့် မဟာဗျူဟာအရ အချက်အချာနေရာ၌ ရှိသည်။
ကြေညာမည်
ဖေဖော်ဝါရီ ၁၉ ရက်နံနက် ၈ နာရီတွင် မဲရုံများ စတင်ဖွင့်လှစ်ပြီး ညနေ ၄ နာရီတွင် ပိတ်သည်။ရွေးကောက်ပွဲ ရလာဒ်များကို မဲရေတွက်ပြီးသည်နှင့် ကြေညာမည် ဖြစ်သည်။ လက်ရှိသမ္မတ ရိုကာရီယင်က ၀န်ကြီးချုပ် ဆာကစ်ဆီဗင်ကို လွှဲပေးလိုသည်။သို့သော် သမ္မတဟောင်း လေဗွန် ၀င်ရောက်ယှဉ်ပြိုင်၍ ရွေးကောက်ပွဲမှာ အပြိုင်အဆိုင် ဖြစ်လာသည်။

No comments: