Tuesday, March 11, 2008

တူရကီနိုင်ငံအား တိုက်ခိုက်နေသည့် ကာ့ဒ်သူများအား.............

အီရတ်နိုင်ငံမြောက်ပိုင်း၌ အခြေစိုက်၍ တူရကီနိုင်ငံအား တိုက်ခိုက်နေသည့် ကာ့ဒ်သူပုန်များ၏ လုပ်ရပ်ကို အီရတ်နိုင်ငံအနေဖြင့် သည်းခံတော့မည်မဟုတ်ကြောင်း တူရကီသို့ အလည်အပတ်ရောက်နေသော အီရတ်သမ္မတ တာလာဘာနီက ပြောကြားသည်။ ပီကေကေ ကာ့ဒ်သူပုန်များ၏ လှုပ်ရှားမှုများကို ရပ်တန့်သွားစေရန် ဆောင်ရွက်သွားရမည်ဟု သူပုန်များခြေကုပ်ယူထားရာ ဒေသများရှိ အာဏာပိုင်များအား အီရတ်သမ္မတက ညွှန်ကြားထားပြီး ဖြစ်သည်ဟု ဆိုသည်။ အီရတ်သမ္မတ တစ်ဦးအနေဖြင့် တူရကီနိုင်ငံသို့ သွားရောက်ခြင်းသည် ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ်ဖြစ်သည်။ မကြာသေးမီကာလက တူရကီတပ်များသည် အီရတ်နယ်စပ်ကို ဖြတ်ကျော်၍ ပီကေကေကာ့ဒ်သူပုန်များကို အင်နှင့်အားနှင့် လိုက်လံတိုက်ခိုက်ခဲ့သည်။ ယခုခရီးစဉ်တွင် အီရတ်သမ္မတသည် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တူရကီသမ္မတ အဗဒူလ်ဂါးလ်နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

No comments: