ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရောက်ရှိသော ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ခင်ဇော်သည် ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မောင်ရှိန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ မေ၁၆ရက် နံနက်၈နာရီခွဲတွင် စစ်တွေမြို့နယ် ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ သွားရောက် ပြီးယာယီ ပစ္စည်းသိုလှောင်ခန်း၌ ကယ်ဆယ်ပစ္စည်းသိုလှောင်စခန်း၌ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ရခိုင်ပြည်နယ် အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးကောင်စီနှင့် စေတနာရှင် ပြည်သူများက လှူဒါန်းသော ထောက်ပံ့ပစ္စည်းများအား ကြည့်ရှုစစ်ဆေးရာ ရခိုင်ပြည်နယ် လေဘေး ကယ်ဆယ်ရေး၊ အလှူငွေနှင့် ပစ္စည်းများ၊လက်ခံရေးကော်မတီဥက္ကဌ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးဘကြည်က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဗိုလ်ချုပ်ခင်ဇော်သည် တိုင်းမှူး၏ ဇနီးဦးဆောင်သော လူမူရေးအသင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပစ္စည်းသိုလှောင်ခန်းမှ မော်တော်ယာဉ် ကြီးများပေါ်သို့ဝိုင်းဝန်းသယ်ယူဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုအားပေးသည်။
ထောက်ပံ့ရေးပစ္စည်းများအား မော်တော်ယာဉ် နှစ်စီးဖြင့် စစ်တွေမှ အမ်းမြို့၊ ၎င်းမှ ဧရာဝတီတိုင်း၊ပုသိမ်မြို့သို့ ပို့ဆောင်မည်ဖြစ်ပြီး ထောက်ပံ့ပစ္စည်း များအနေဖြင့် ငါးခြောက် ၆၃အိတ်၊ပိဿာ(၁၅၀၀)စောင်၊ခြင်ထောင် များ အပါအ၀င် အ၀တ်အထည်မျိုးစုံ ၁၀၇အိတ်၊ ပန်းကန်၊ဒန်အိုး ၊ထီး၊ဖိနပ် (၁၉အိတ်) ဆန်အိတ် ၂၃၀ စုစုပေါင်း ၄၁၉အိတ် ကာလတန်ဖိုးငွေကျပ် ၂၀၂၈၅၂၅၀ ဖြစ်ကြောင်းသိရှိရသည်။
ဆက်လက်၍ ဗိုလ်ချူပ်ခင်ဇော်သည် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ဌာန သင်္ဘောဆိပ်သို့ သွားရောက်ပြီး အောင်တံခွန် (၂) သင်္ဘောပေါ်၌ စစ်တွေမှ တောင်ကုတ်၊ ၎င်းမှ ဧရာဝတီ တိုင်းသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်မည့် မျိုးစပါးတင်း ၂၇၀၀ တင်ဆောင် ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စိုက်ပျိုးရေးမန်နေဂျာ ဦးကျော်မြင့်က မျိုးစပါးဝယ်ယူစုဆောင်း သယ်ယူမှု၊ ပြည်တွင်း ရေကြောင်းမာန်နေဂျာဦးခင်အောင်က သယ်ယူပို့ဆောင်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဗိုလ်ချုပ်ခင်ဇော် က လိုအပ်သည်များမှာ ကြားဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

No comments:
Post a Comment