Sunday, May 18, 2008

ဝန်ကြီးများနှင့် ဥရောပကော်မရှင် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ


အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ၀န်ကြီးဦးစိုးသာ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်ဆွေ၊ ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာကျော်မြင့်တို့သည် ရန်ကုန်မြို့၌ ရောက်ရှိနေသော ဥရောပကော်မရှင် ဖွံ့ဖြိုးမှုနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ဆိုင်ရာ ကော်မရှင်နာ Mr.Louis Michel ဦးဆောင်၍ ကိုယ်စားလှယ်အ ဖွဲ့ဝင်များဖြစ်သည့် Mr.Koen Doens, Head of cabinet of commissioner, Ms.Karin
Gardes Koutny, Member of cabinet of commissioner, Ms. Benedicte van den Berg, Member of
cabinet of commisioner တို့သည် မေ၁၅ရက်က ညနေ ၄နာရီတွင် ရန်ကုန်မြို့ပြည်ထောင်စု ရိပ်သာလမ်းရှိ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာန၌ တွေ့ဆုံကြသည်။
ယင်းသို့တွေ့ဆုံရာတွင် ဥရောပကော်မရှင်အနေဖြင့် မကြာသေးမီက မြန်မာနိုင်ငံ၌ ကျရောက်ခဲ့သည့် မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံများ အတွက် ၀မ်းနည်းကြောင်း ပြောကြားပြီး ယင်းသို့ ပျက်စီးဆုံးရှုံး မှုများနှင့် ပက်သက်၍ အကူအညီပေးရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပက်သက်၍ အကူအညီပေးရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်းပြီး ဆွေးနွေးကြသည်။
ဝန်ကြီးများက မုန်တိုင်းများကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးမှုများ၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုနှင့် စပ်လျဉ်းပြီး နိုင်ငံတော်က ချက်ချင်း အရေးယူ စီစဉ်ဆောင်ရွက်ခဲ့မှု၊ ကယ်ဆယ်ရေး ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်နေမှု၊ ကယ်ဆယ်ရေးစခန်း များ ဖွင့်လှစ်ထားရှိမှုနှင့် ပြည်ပနိုင်ငံများမှ ကူညီထောက်ပံ့မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments: