Tuesday, July 14, 2009

ပုံမှန်ကုန်သွယ်မှု တိုးမြင့်ဆောင်ရွက် ပို့ကုန် သွင်းကုန်လုပ်ငန်းများ မြန်ဆန်သွက်လက်

ကုန်သွယ်မှုလုပ်ငန်းများသည် စီင်္းပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် မောင်းနှင်အားဖြစ်သည်။ မြန်မာ့ထွက်ကုန်ပစ္စည်းများ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးအတွက် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများကိုကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။
နိုင်ငံတော်၏ ပြည်ပကုန်သွယ်ရေးလုပ်ငန်းများကို ယခင်က ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ပင်လယ်ရေးကြောင်း ထွက်ပေါက်တစ်ခုတည်းမှသာ အဓိကဆောင်ရွက်ခဲ့သည်။ ယခုအခါ ကုန်းတွင်းပိုင်း လမ်းကြောင်းများမှ တစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နေပြီဖြစ်သည်။ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၊ မြ၀တီကုန်သွယ်ရေးစခန်း၊ တမူးကုန်သွယ်ရေးစခန်းတို့သည် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်စပ်လျက်ရှိပြီး ပုံမှန်ကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်နေသော ကုန်းတွင်းပိုင်းလမ်းကြောင်းများဖြစ်သည်။
ယင်းတို့အနက်
မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်စပ်လျက်ရှိရာ ကုန်းတွင်းပိုင်း ကုန်သွယ်မှု ပမာဏအများဆုံးဖြစ်သည်။ လယ်ယာထွက်ကုန်၊ သစ်သီးဝလံ၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊ သစ်နှင့်သစ်တောထွက်ပစ္စည်းများကို တင်ပို့နေသည်။ အထူးသဖြင့် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ သရက်သီး၊ ဖရဲသီး၊ သခွားမွှေး၊ ငါး၊ ပုစွန်၊ ငါးရှဥ့်၊ ခဲသတ္တုနှင့် ကျောက်စိမ်း စသည့်ပစ္စည်းများအများဆုံးဖြစ်သည်။
တစ်ဖက်နိုင်ငံမှလည်း သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ၊ စက်နှင့်စက်ကိရိယာ ပစ္စည်းများ၊ ကွန်ပျူတာနှင့် အခြားဆက်စပ်အပိုပစ္စည်းများ၊ လယ်ယာသုံး ပစ္စည်းကိရိယာများ၊ ဓာတ်မြေသြဇာ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများနှင့် လူသုံး အိမ်သုံးကုန်ပစ္စည်းများကို တင်သွင်းလျက်ရှိသည်။
မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကို ၂၀၀၆ ခုနှစ်မှ စတင်၍ပုံမှန်ကုန်သွယ်မှုလုပ်ငန်းများ နှစ်စဉ်တိုးချဲ့ လုပ်ကိုင်လျက်ရှိသည်။ နိုင်ငံတော်က ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နှိင်ရန် အားပေးကူညီနေသည်။ သက်ဆိုင်ရာ ကုန်သွယ်ကြီးများအသင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များက နှစ်နိုင်ငံ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ပုံမှန်ကုန်သွယ်မှုစနစ်နှင့်အညီ အောင်မြင်ဖြစ်ထွန်းလာရေး ၀ိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်သည်။
ယခုအခါ
မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၏ ရောင်းဝယ်တင်ပို့မှုလုပ်ငန်းများ ဈေးကွက်ပိုမို ကျယ်ပြန့် သွက်လက်မြန်ဆန်လာသည်။ အောင်မြင်ဖြစ်ထွန်းမှု အလားအလာကောင်းများ ရရှိနေပြီဖြစ်သည်။ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ပုံမှန်ကုန်သွယ်မှုစနစ်နှင့်အညီ ဈေးကွက်ရှိသောပို့ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရေး ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။







No comments: