Wednesday, December 5, 2007

နိုင်ငံတကာ မှုခင်းသတင်း

စပိန်နိုင်ငံတောင်ပိုင်းတွင် လွန်ခဲ့သည့် သီတင်းပတ်က လူ၁၂ဦးကို လာဘ်စားမှုဖြင့် ရဲအဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း နိုဝင်ဘာ ၃၀ရက် အင်တာနက်သတင်း၌ ဖော်ပြသည်။
အီတလီ စစ္စလီကျွန်း ပါလာမြို့တွင် နိုဝင်ဘာ ၂၉ရက်က မာဖီးယား လူဆိုးဂိုဏ်းဝင်ဟု သံသယရှိသူတစ်ဦးကို ရဲအဖွဲ့က ၀င်ရောက်စီးနင်းရာ မာဖီးယား လူဆိုးခေါင်းဆောင် ဖမ်းဆီးခံရပုံကို ရုပ်မြင်သံကြားတွင် ကြည့်ရှုနေခဲ့သူ အဆိုပါ မာဖီးယားဂိုဏ်းဝင်အား လက်ရဖမ်းမိခဲ့ကြောင်း နိုဝင်ဘာ ၃၀ရက် အင်တာ နက်သတင်း၌ ဖော်ပြသည်။
အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ် အနောက်မြောက်ပိုင်း၊ အိုကလာဟိုးမားစီးတီးတွင် နိုဝင်ဘာ ၃၀ရက် နံနက် စောစောပိုင်းတွင် အိမ်အပြင်၌ ရပ်နေသူ ရစ်ချတ်လီစမစ်အား ကားဖြင့်ဖြတ်မောင်းရင်း ပစ်သတ်သွားသူ ဂျီရီမီဒူရာနီကရောဖို့အား မြောက်ကာရိုလိုင်းနားပြည်နယ် အနောက်အလယ်ပိုင်း နီဘရာစကားဒေသရှိ ၀ါပီလီယန်မိုတယ်တွင် ရဲအဖွဲ့က ဒ်ီဇင်ဘာ ၃ရက်၌ ဖမ်းဆီးခဲ့ကြောင်း အင်တာနက်သတင်း၌ ဖော်ပြသည်။
ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် ဘတ်စ်ကားတစ်စီးကို ၂၀၀၆ခုနှစ်အတွင်းက မီးရှို့ခဲ့သဖြင့် အမျိုးသမီးတစ်ဦး ပြင်းထန်စွာ မီးလောင်ကျွမ်းခံခဲ့ရမှုနှင့် ပတ်သက်သူ ဆယ်ကျော်သက် လူငယ်ခြောက်ဦးအား ဒီဇင်ဘာ ၃ရက်က ရုံးတင်စစ်ဆေးနေကြောင်း အင်တာနက်သတင်း၌ ဖော်ပြသည်။
ဂရိနိုင်ငံမြောက်ပိုင်း သက်ဆာလိုနီကီမြို့တွင် ဟယ်လင်းနစ်၊ ရောမနှင့် ဘိုင်ဇန်တိုင်းခေတ်များက ရှေးဟောင်းဒင်္ဂါးပြား ၂၃၀၀ကျော်ကို မှောင်ခိုရောင်း ၀ယ်မှုဖြင့် အသက် ၇၀ရှိ ဆံပင်ညှပ်သမားတစ်ဦးအား နိုဝင်ဘာ ၃ရက်၌ ရဲအဖွဲ့က ဖမ်းဆီးလိုက်သည်။
အင်္ဂလန်နိုင်ငံအလယ်ပိုင်း ၀ူဗာဟမ်တန်ဒေသတွင် အသက် ၅၀အရွယ်ခန့်ရှီိအမျိုးသားတစ်ဦးအား ဓားဖြင့်ထိုးခဲ့သူ ၂၉နှစ်အရွယ်ရှိ လူတစ်ဦးကို ဒီဇင်ဘာ ၄ရက်က ရဲအဖွဲ့က ဖမ်းဆီးခဲ့သည်။

No comments: