တူရကီစစ်ဘက်သည် ကာ့ဒ်အလုပ်သမားများပါတီ(ပီကေကေ)တိုက်ခိုက်ရေးသမားကို ချေမှုန်းနိုင်ရန်အတွက် အီရတ်နှင့်ထိစပ်နေသည့် နယ်စပ်ဒေသအတွင်းသို့ ၀င်ရောက်လာသည်ဆို သောသတင်းမှာ မမှန်ကန်ကြောင်း အီရတ်နယ်စပ်အစောင့်တပ်ဖွဲ့ဝင်များက တနင်္ဂနွေနေ့တွင် ပြောကြားသည်။
အီရတ်နယ်မြေအတွင်းသို့ မည်သည့်တူရကီတပ်ဖွဲ့မျှ ၀င်ရောက်တိုက်ခိုက်ခြင်းမရှိကြောင်း နယ်စပ်အစောင့်တပ်ဖွဲ့တပ်မှူးဖြစ်သူ ဗိုလ်မှူးကြီးဟူစိန်တာမာ က ပြောကြားသည်။
နယ်စပ်အနီးရှိ အီရတ်ကာ့ဒ်ကျေးရွာများကို တူရကီစစ်ဘက်က အမြောက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊လေကြောင်းမှ တိုက်ခိုက်ခြင်းသာ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ပီကေကေ တိုက်ခိုက်ရေးသမားများကိုလိုက်လံတိုက်ခိုက်ရန်အတွက်တူရကီတပ်ဖွဲ့ဝင်များ အီရတ်နိုင်ငံအတွင်းသို့ ၀င်ရောက်သည့် သတင်းမှာ မဟုတ်မှန်ကြောင်း ကာ့ဒ်ဒေသန္တရအစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
တူရကီစစ်ဘက်က ကာဒစ္စတန်ဒေသအတွင်းသို့ နယ်စပ်မှဖြတ်သန်းဝင်ရောက်သည့် လက္ခဏာမတွေ့ရှိရကြောင်း ဂျာမယ်အဗ္ဇဒူလာက ပြောကြားသည်။
မိမိတို့၏တပ်ဖွဲ့ဝင်များသည်နယ်စပ်နှင့်ထိစပ်နေသော တူရကီအရှေ့တောင်ပိုင်းဟာတာရီပြည်နယ်ရှိ ကျူကူရီးယားရာမြို့တွင် ခြေကုပ်ပြုထားသော ကာ့ဒ်သူပုန်များကို ချေမှုန်းတိုက်ခိုက်ခဲ့ကြာင်း တူရကီစစ်ဘက်က ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။
ကျူကူရီးယားမြို့၏အရှေ့တောင်ဘက်အီရတ်ပိုင်နယ်မြေအတွင်း လှုပ်ရှားနေသော သူပုန်တပ်ဖွဲ့ ၆၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ကြောင်းယင်းကြေညာချက်တွင်ဖော်ပြသည်။
Wednesday, December 5, 2007
အီရတ်မြောက်ပိုင်း နယ်စပ်ဒေသသို့တူရကီတပ်ဖွဲ့ ၀င်ရောက်သည်ဆိုမှုမမှန်ကန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment