ပါလက်စတိုင်းနိုင်ငံပေါ်ထွန်းရေး အရှေ့အလယ်ပိုင်းညီလာခံကျင်းပ ပြီးသည့်နောက် ချစ်ကြည်ရေး ခိုင်မာစေရန်ရည်ရွယ်လျက် ပါလက်စတိုင်း အကျဉ်းသား၄၀၀ ကို အစ္စရေးက တနလာင်္နေ့တွင် စတင် လွှတ်ပေးလိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ ကက်ဇီးယော့ အကျဉ်းထောင်မှ လွတ်မြောက်လာသည့် အကျဉ်းသားများသည် မော်တော်ယာဉ်များဖြင့် ထွက်ခွာသွားကြသည်။
တောင်ပိုင်းသဲကန္တာရရှိ အစ္စရေးအကျဉ်းထောင်မှ ပါလက်စတိုင်း အကျဉ်းသား၄၂၉ဦးကိုလွှတ်ပေးမည်ဖြစ်ပြီး ပါလက်စတိုင်း အကျဉ်းသား ၄၀၈ဦးကိုအနောက်ဘက်ကမ်းဒေသသို့လည်းကောင်း၊ ၂၁ဦးကို ဂါဇာသို့လည်းကောင်း ပို့ပေးမည်ဟု အစ္စရေးအကျဉ်းထောင်တာဝန်ရှိသူက ပြောကြားသည်။
ပါလက်စတိုင်းအကျဉ်းသားအများစုမှာ အဘတ်စ်၏ ဖာတာအုပ်စုမှ ဖြစ်ကြသည်။အဆိုပါ အကျဉ်းသားများကို ဆေးစစ်မှုပြုလုပ်ပြီး ကြက်ခြေနီအဖွဲ့မှကိုယ်စားလှယ်များနှင့် တွေ့ဆုံပေးခဲ့ကြောင်းအစ္စရေးအကျဉ်းထောင် တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
Wednesday, December 5, 2007
ပါလက်စတိုင်းအကျဉ်းသားများ အစ္စရေးပြန်လည်လွှတ်ပေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment