စဥ့်ကိုင်မြို့နယ်မိုးကောင်းအုပ်စုချောင်းပါတ်ကျေးရွာကမ္ဘာ့သုတကိုယ့်အားကိုယ်ကိုး
စာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲနှင့် စာအုပ်စာစောင်၊ ရေဒီယို၊ ငွေပဒေသာပင် ပေးအပ်လှူဒါန်းပွဲကို နိုဝင်ဘာ ၁ရက်ကအဆိုပါစာကြည့်တိုက်၌ကျင်းပရာကျောက်ဆည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဦးညွန့်ရွှေ၊
ကျေးရွာဥက္ကဌ ဦးဝင်းမော်ထွေးနှင့်မြို့နယ်ဦးစီးမှူး ဒေါ်ဝေေ၀ ဖြိုးတို့က စာကြည့်တိုက်အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီးစာအုပ်စာစောင်၊ရေဒီယိုနှင့် ငွေပဒေသာပင် စိုက်ထူလှူဒါန်းပွဲကို ကျင်းပရာကျေးရွာ ဥက္ကဌ ဦးဝင်းမော်ထွေး
ဒေါ်မင်းမင်းသန်းမိသားစုကရေဒီယိုတစ်လုံးနှင့်အလှူငွေကျပ်တစ်သောင်း၊ကျေးရွာထမင်းချက်အဖွဲ့၊
ဟင်းချက်အဖွဲ့၊အမျိုးသားလူငယ်အဖွဲ့၊အမျိုးသမီးလူငယ်အဖွဲ့၊ကောက်စိုက်လုံမေအဖွဲ့နှင့်ကျေးရွာပြည်သူများစုပေါင်း၍ အလှူငွေကျပ် ခုနှစ်သောင်းရှစ်ထောင် ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံယူကြကြောင်း သိရသည်။
Tuesday, December 4, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment