အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တွင်ကင်းလှည့်နေသော နေတိုးစစ်ဘက်ယာဉ်များကို ဇန်န၀ါရီ၁၇ရက်ကတွေ့ရစဉ်။အာဖဂန်အရပ်သားများအနေဖြင့်စစ်ဘက်မော်တော်ယာဉ်များမှဝေးဝေးရှောင်နေကြရန် အာဖဂန်နစ္စတန်နိုင်ငံရှိ နေတိုးဦးဆောင်သည့် တပ်ဖွဲ့ဝင်များက တိုက်တွန်းလိုက်သည်။ အရပ်သားများသည် စစ်ဘက်ယာဉ်များအနီး လမ်းလွဲရောက်လာခဲ့သဖြင့် အပေါင်းအပါ
တပ်ဖွဲ့ဝင်များက သြဂုတ်လနောက်ပိုင်းတွင် ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား၁၉ဦးသေဆုံးခဲ့သည်ဟု ၄င်းတပ်ဖွဲ့က ပြောကြားသည်။
အာဖဂန်နစ္စတန်နိုင်ငံရှိ နေတိုးဦးဆောင်သည့် နိုင်ငံတကာလုံခြုံရေး အကူအညီပေးတပ်ဖွဲ့က မော်တော်ယာဉ်မောင်းသူများအနေဖြင့် အသေခံဗုံးဖောက်ခွဲသူများနှင့် မမှားမိစေရန်အတွက် စစ်ဘက်မော်တော်ယာဉ်များနှင့် ခပ်လှမ်းလှမ်းမှ မောင်းနှင်ကြရန် သတိပေးထားသည်။
မော်တော်ယာဉ်တစ်စီးသည် စစ်ဘက်မော်တော်ယာဉ်အနီးသို့ လွန်စွာနီးကပ်လာပါက သို့တည်းမဟုတ် လူ့အသက်အန္တရာယ်ရှိစေနိုင်မည့် အင်အားအသုံးပြုပါက သတိပေးသည့်အနေဖြင့် သေနတ်ပစ်ခတ်နိုင်ရန် တပ်ဖွဲ့ဝင်များအား အခွင့်အာဏာပေးထားသည်။

No comments:
Post a Comment