Saturday, January 19, 2008

နယူးကာလီဒိုးနီးယားတွင်ဆန္ဒပြမှုဖြစ်ပွား ရဲကဖြိုခွင်းသဖြင့် လူ၁၂ဦးဒဏ်ရာရရှိ

နယူးကာလိဒိုးနီးယားဒေသတွင် အဒိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က နူမီယာမြို့ဘတ်စ်ကားဂိတ်တွင် ဆန္ဒပြသူများအား ဖြိုခွင်းခဲ့သဖြင့် လူ၁၂ဦးဒဏ်ရာရရှိပြီး လူ၅၀ကိုဖမ်းဆီးခဲ့ကြောင်း နယူးဇီလန်ရေဒိယိုက ကြာသပတေးနေ့က ကြေညာသည်။
ယူအက်စ်တိကေအီး သမဂ္ဂက ကာဆတ်ဘတ်စ်ကုမ္ပဏီအနီးရှိ တောင်ပိုင်းပြည်နယ်ကပိုင်ဆိုင်သည့် မြေကို တရားမ၀င်သိမ်းယူခဲ့သည်။ ရဲတပ်ဖွဲ့က သမဂ္ဂ၀င်များ လူစုကွဲစေရန်အတွက် မျက်ရည်ယိုဗုံးများခွဲခဲ့မှုကြောင့် လူ၁၂ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ယူအက်စ်တီကေအီး ခေါင်းဆောင် ဂျီရတ်ဂျိုဒါက ပြောကြားသည်။
အဓိကရုဏ်းနှိမ်နှင်းရေး ရဲကလူ၅၀ကို ဖမ်းဆီးသည်ဟု ဒေသခံရေဒီယိုက ကြေညာသည်။ ယင်းဆန္ဒပြမှုတွင် တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေပြီး ရဲတပ်ဖွဲ့မှ ကားအချို့အပါအ၀င် ကားအများအပြား မီးရှို့ခံရသည်ဟု ဆိုသည်။
ဆန္ဒပြသူများက မြို့၏လမ်းမကြီးကိုပိတ်ထားသည်။ အာကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အခင်းဖြစ်ပွားရာနေရာတွင် ကားအသွားအလာ ရပ်ဆိုင်းခဲ့သည်။ ကာဆတ်ဘတ်စ်ကုမ္ပဏီမှ အလုပ်ဖြုတ်ခံရသူ ၀န်ထမ်းတစ်ဦးအား အလုပ်ပြန်ခန့်ရေးအတွက် တောင်းဆိုသည့်အနေဖြင့် ဆန္ဒပြမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

No comments: