ဆိုဗီယက်ခေတ်ကုန်ဆုံးချိန်မှစ၍ဒေသအတွင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ရန် ရုရှားနိုင်ငံက ခရီးဝေးသွား ဗုံးကြဲလေယာဉ်ကြီးနှစ်စင်းအား စတစ်စ်ကေး ပင်လယ်ကွေ့အတွင်းသို့ စေလွှတ်ခဲ့ရာ ပြင်သစ်နှင့်စပိန်နိုင်ငံတို့၏ အတ္တလန်တိတ်သမုဒ္ဒရာ ကမ်းခြေအလွန်တွင် ဒုံးပျံများ ပစ်ခတ်စမ်းသပ်ရန် ဖြစ်သည်။ နေတိုးအဖွဲ့ဝင် နိုင်ငံနှစ်ခု၏ ကမ်းလွန် ပင်လယ်ပြင်တွင် ဒုံးပျံများစမ်းသပ် ပစ်ခတ်ခြင်းမှာ ရုရှားအစိုးရ၏ ကမ္ဘာ့ရှေ့မှောက်တွင် စစ်ရေးအင်အားးပြသမှု နောက်ဆုံးလုပ်ရပ်ဖြစ်သည်။ရုရှားဗုံးကြဲလေယာဉ်ကြီးများ၊ လေယာဉ်တင် သင်္ဘောများ၊ တိုက်ပွဲဝင် သင်္ဘောကြီးများနှင့် ရေငုပ်သင်္ဘောရှာဖွေရေး ရဟတ်ယာဉ်များပါဝင်သော မြောက်ပိုင်းရေတပ်နှင့် ပင်လယ်နက် ရေတပ်တို့နှင့် ပူးပေါင်း၍ အတ္တလန်တိတ်သမုဒ္ဒရာအတွင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြရာ နိုင်ငံတွင် သမ္မတ ဗလာဒီမာ ပူတင်အား ဆက်ခံရေးအတွက်ရွေးချယ်မည့် ရွေးကောက်ပွဲ မဲဆွယ်မှုများ ပြုလုပ်နေချိန်နှင့် တိုက်ဆိုင်လျက်ရှိသည်။ ယင်းစစ်ရေးလေ့ကျင့်မှုသည် ဆိုဗီယက်ခေတ် ကာလမှစ၍ ဤဒေသတွင် ပြုလုပ်ခဲ့သမျှ စစ်ရေးလေ့ကျင့်မှုများတွင် အကြီးမားဆုံးဖြစ်ကြောင်း ရုရှားရေတပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ အသေးစိတ်အချက်များကို နောက်ထပ် ကြေငြာဦးမည်ဟု ၄င်းက ပြောကြားခဲ့သည်။
လေတပ်ကလည်း အလွန်ထိရောက်စွာဖြင့် ရေတပ်၏တိုက်ခိုက်ရေးတပ်ဖွဲ့၏ အတ္တလန် တစ် သမုဒ္ဒရာ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့ကြောင်း သီးခြားကြေငြာခဲ့သည်။ ယနေ့ တီယူ-၁၆၀ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးနှစ်စင်းက ပင်လယ်ကွေ့အတွင်း ရောက်ရှိလာပြီး နည်းဗျူဟာ မြောက် ဒုံးပျံများ ပစ်လွှတ်ခြင်းနှင့် အခြားလုပ်ငန်းတာဝန်များစွာကို လုပ်ဆောင်မည်ဖြစ်သည်။ ပန်ကာတပ် တာဘိုင်အင်ဂျင်သုံး တူပိုလက်တီယူ ၉၅ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များက လည်း အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ကြမည်ဖြစ်သည်။ စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်၍ နေတိုးအဖွဲ့၏မှတ်ချက်အား ချက်ချင်းပင် မသိရသေးပေ။ ၁၉၉၀ ခုနှစ်များအတွင်း ဖြစ်ပေါ်ခဲ့သော ထိန်းသိမ်း၍ မရခဲ့သည့် ကိစ္စကြီးငယ်များကြောင့် စုစည်းမှုပျက်ပြားခဲ့ရသော ရုရှားလက်နက်ကိုင် တပ်ဖွဲ့များက ပြည်တွင်းပြည်ပတို့မှ လေးစားမှုရှိလာရန် မစ္စတာပူတင်က လုပ်ဆောင်နေခြင်းပင် ဖြစ်သည်။
မစ္စတာပူတင်က စစ်အသုံးစရိတ်များ တိုးမြှင့်ခဲ့၍ တာဝေးဗုံးကြဲလေယာဉ်များဖြင့် ကင်းထောက်ခြင်းကို ပြန်လည်လုပ်ဆောင်ခဲ့ပြီး နိုင်ငံ၏ နျူကလီးယားတိုက်ခိုက်ရေးတပ်ဖွဲ့များကို အဆင့်မြှင့်တင်ရေး စီမံကိန်းကိုလည်း အတည်ပြုခဲ့သည်။ နေတိုးအဖွဲ့က ရုရှားနိုင်ငံ၏ နယ်ခြား အနီးတွင် တပ်များချထား နေသောကြောင့် ဤအချက်များကို ပြုလုပ်ရန် လိုအပ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။
No comments:
Post a Comment