Monday, January 28, 2008

သမ္မတပူတင်က မျက်မှောက်ရုရှားစစ်အင်အားကို ယခင်ဆိုဗီယက်ခေတ် အခြေအနေ ရောက်အောင် ကြိုးပမ်း နေ ဟုဆို


ရုရှားနိုင်ငံသည် ယခင်ဆိုဗီယက်ပြည်ထောင်စုခေတ် စစ်အင်အားထုတ်ဖော်ပြသမှု အစဉ်အလာအတိုင်း ယခု ၂၀၀၈ခုနှစ်၊ မေလ ၉ရက်နေ့တွင် ပြုလုပ်မည့် စစ်ရေးပြပွဲတွင် လက်နက်ကြီး များကို ထုတ်ဖော်ပြသသွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ၂၂-၁-၀၈ရက်နေ့တွင် အတည်ပြု ပြောကြားလိုက်သည်။ အဆိုပါ စစ်ရေးပြပွဲ၌ စစ်သည်အင်အား ၆၀၀၀တို့အပြင် Topol တိုက်ချင်းပစ် ဒုံးကျည် သစ်များအပါအ၀င် နောက်ဆုံးပေါ်တင့်ကားများနှင့် ဒုံးကျည်များကို ထုတ်ဖေါ် ပြသသွားမည်ဖြစ်သည်ဟု ဆိုသည်။
“သမ္မတပူတင်ရဲ့ အစီအစဉ်အရ၊ ရင်ပြင်နီစစ်ရေးပြပွဲမှာ ကြည်းတပ်နဲ့ လေတပ်သုံးစစ်လက် နက် ကိရိယာတွေ ပါဝင်မှာ ဖြစ်ပါတယ်” ဟူ၍ ဗိုလ်ချုပ်ကြီး ယူရီဆိုလော့ဗ်ယော့ဗ်က ပြောကြားလိုက် သည်။ အဆိုပါ စစ်ရေးပြပွဲ၌ အီရတ်နိုင်ငံသို့ ရောင်းချခဲ့သည့် S-300ဒုံးကျည်များလည်း ပါဝင်မည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
မော်စကိုမြို့တော်အခြေစိုက် ကာနက်ဂျီဗဟိုဌာနမှ သုတေသီ နီကိုလေပက်ထရော့ဗ်ကမူ ရုရှားတို့သည် ယခင်ဘော်ရှီဗစ် တော်လှန်ရေးမတိုင်မီနှင့် ဆိုဗီယက်ခေတ်တို့၌ အင်အားကြီးကျယ်မှု ရှိခဲ့သည့် အစဉ်အလာကို ပြန်လည်ဖော်ထုတ်ခြင်းပင် ဖြစ်ကြောင်း သုံးသပ် ပြောကြားခဲ့သည်။ ဆိုဗီယက် ခေတ်ကာလတွင် နာဇီဂျာမနီတို့အား အောင်ပွဲခံပျံသန်းခဲ့သည့် မေလ ၉ရက်နှင့် ဘော်ရှီဗစ် တော်လှန်ရေး နိုဝင်ဘာ ၇ရက်နေ့များတွင် စစ်ရေးပြပွဲများကို တခမ်းတနားကျင်းပလေ့ရှိကြောင်း သိရှိရ သည်။

No comments: