အမေရိကန်နိုင်ငံက ဘီလာရုစ်နိုင်ငံ အပေါ် ပိတ်ပင်မှု အသစ်များ ပြုလုပ်လာလျှင် ဘီလာရုစ်နိုင်ငံသည် တုံ့ပြန်သောအားဖြင့် အမေရိ ကန် သံ အ မ တ် ကြီး ကို လက် မ ခံ ဘဲ နှင် ထုတ် မည် ဖြစ် ပြီး အမေရိကန် ဒေါ်လာ နှင့် ကုန် သွယ် မှု ပြု လုပ် နေ သည်များ ကို လည်း
ပိတ်ပင်မည် ဖြစ်ကြောင်း သမ္မတ အလက်ဇန္ဒား လျူကာရှင်ကိုက ဒီဇင်ဘာ ၃၀ ရက်တွင် ပြောကြားသည်။ ဘီလာရုစ် သမ္မတ အမေရိကန်သို့
လာရောက်သည်ကို ခွင့်မပြုဘဲပိတ်ပင်ခြင်း၊ ဘီလာရုစ်နိုင်ငံ ရေနံလုပ်ငန်းနှင့် စီးပွားရေးအဆက်အဆံပြုလုပ်သည်ကို တားမြစ်ခြင်း၊ အမေရိကန်၏ အာဏာစက်အတွင်း ကျရောက်နေသော ဘီလာရုစ်နိုင်ငံ၏ ရပိုင်ခွင့်များကိုအထုတ်အသွင်းမလုပ်နိုင်အောင် ပိတ်ပင်ခြင်းများ ကို အမေရိကန်က ပြုလုပ်ထားသည်။ အမေရိကန်၏ ပိတ်ပင်မှုများ တိုးလာလျှင် မိမိတို့သည် ဒေါ်လာကိုအသုံး မ ပြု တော့ဘဲ ယန်းငွေ၊ ယွမ်ငွေနှင့် ယူရိုငွေ
စသည့် အခြား ငွေကြေးများကို ပြောင်းလဲ သုံးစွဲ နိုင်သည်။ လုံလောက်သော အရန်ငွေကြေးများလည်း စုဆောင်းထားပြီးဖြစ်သည်ဟုသမ္မတ လျူကာရှင်ကိုက ဆက်လက်ပြောကြားသည်။

No comments:
Post a Comment