ကမ္ဘာလှည့်ခရီးသွားဗီဇာ အသုံးပြု၍ စင်ကာပူ ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)နှင့် ဟောင်ကောင်ဒေသတို့တွင်ဖိလစ်ပိုင်လူမျိုးများ
တရားမ၀င်အလုပ်လုပ်ကိုင်နေမှုကို ထိန်းချုပ်သွားရန် ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဌာနအာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင်သံန္နိဋ္ဌာန်ချ လိုက်သည်။မိမိတို့အနေဖြင့် ပြည်ပတွင်အလုပ်လုပ်ကိုင်နေသည့် ဖိလစ်ပိုင် လူမျိုးများနှိပ်စက်ညှဉ်းပန်းခံရမှုနှင့် အမြတ်ထုတ်ခံရမှုမရှိစေရန် ကာကွယ်ပေး ရမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲ မာရှီလီနီလစ်ဘာနန်အားကိုးကား၍ ဖိလစ်ပိုင်ဒေလီအင်ကွားရား သတင်းစာကရေးသားသည်။ပြည်ပတွင် ကမ္ဘာလှည့်ခရီးသည်ဗီဇာဖြင့် အလုပ်လုပ်ကိုင်မှုမရှိစေရန်ဥပဒေစည်းမျဉ်း တင်းကျပ်မည်ဖြစ်ကြောင်း လစ်ဘာနန်ကပြောကြားသည်။ဖိလစ်ပိုင်မှ ထွက်ခွာမည့်ခရီးသည်၄၄၂ ဦးအနက် ၃၀၀ ခန့်သည်ကမ္ဘာလှည့်ခရီးသည်ဗီဇာဖြင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့်သူများဖြစ်ဖွယ်ရှိသည်ဟု ၎င်းက ပြောကြားသည်။

No comments:
Post a Comment