Friday, January 4, 2008

ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်များပြား

နှစ်စဉ် နှစ်တိုင်း ၁၇နှစ်အောက်၊ ဗြိတိန် ဆယ်ကျော်သက်မိန်းကလေး ၅၀၀၀၀ခန့်သည်
ကိုယ်ဝန်ဆောင်လျက် ရှိသဖြင့် ဟော်လန်နိုင်ငံထက်(၆)ဆ၊ အီတလီနိုင်ငံထက်(၄)ဆ၊
ပြင်သစ် နိုင်ငံထက်(၃)ဆ ပိုမို များပြားလျက်ရှိသည်။ အနောက်ဥရောပ၌ ဗြိတိန်နိုင်ငံသည်
ကျောင်းနေ အရွယ် ကိုယ်ဝန်ဖျက်ချမှုများပြားသကဲ့သို့ ကိုယ်ဝန်ဆောင်မှုလည်း အများဆုံး
နိုင်ငံအဖြစ် လည်း ရပ်တည်နေပြီဖြစ်၍ အစိုးရက ဒေါ်လာသန်း(၃၀၀)ခန့် သုံးစွဲ၍ တားဆီး
လျော့ချရန် ကြိုးပမ်းလျှက်ရှိသည်ဟု Sunday Telegraph သတင်းစာ၌ ဖော်ပြပါရှိသည်။
Guttmacher Institute နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းလေ့လာမှုအရ
ကမ္ဘာ့နိုင်ငံများ၏ ကိုယ်ဝန်ဖျက်ချမှုပေါင်း (၄၂)သန်းအနက် တစ်ဝက်ခန့်မှာ ကျွမ်းကျင်မှုမရှိ၊
ကျန်းမာရေးနှင့်မညီသော နည်းလမ်းများ ဆောင်ရွက်နေကြောင်း၊ အရှေ့ဥရောပ၌ ကလေး
(၁၀၀) မွေးဖွားတိုင်း ကလေးဖျက်ချမှု (၁၀၅)ကြိမ်ရှိကြောင်း ၊ ကိုယ်ဝန်ဖျက်ချမှု
အမြင့်ဆုံးရှိကြောင်း လေ့လာ သိရှိရသည်။

No comments: