Friday, January 4, 2008

အသိတရားရှိကြရန်လိုပါသည်

လူတွေလှုပ်ရှားနေကြတဲ့၊ ဘ၀ရှင်သန်ရပ်တည်နိုင်ရေးအတွက်ပေါ့ ။ ရိုးရိုးသားသားနဲ့
ရင်ဆိုင်လှုပ်ရှားကြသူတွေရှိသလို ဖြတ်လမ်းကနေ အမြန်ခရီးရောက်အောင်လုတက်
နေကြသူတွေလည်း ရှိနေကြလေရဲ့။ ရိုးတဲ့နေရာမှာရိုး၊ လည်သင့်တဲ့နေရာမှာလည်ကာ
လစ်လျှင်လစ်သလို ဘ၀ တက်လမ်းရှာနေကြသူတွေလည်း ဒုနဲ့ဒေးပါပဲ။
လောလောဆယ်ကာလမှာ ဘ၀ရှင်သန်ရပ်တည်ရေး အဆင်ပြေနေပြန်တော့လည်း
တဒင်္ဂမဟုတ်ဘဲ တစ်သက်တာ ပြည့်ပြည့်၀၀ ပိုပိုလျှံလျှံ အဆင်ပြေအောင် ထပ်ပြီး
နည်းလမ်းရှာ ကြိုးစားနေကြပြန်ရော။ ဒါသဘာဝပါပဲ။ ဒီအတိုင်း နေသွားကြရင်းက
တစ်ဘ၀တာ ကုန်ဆုံး သွားပြန်တော့ ဒီလူ့နောက်ကို သူပြုခဲ့တဲ့ကုသိုလ်၊ အကုသိုလ်ကံတွေက
ပါသွားမှာ တရားတော်တွေ အရ မှတ်သားနားလည်ရပါတယ်။
လူတွေကဘုရားကျောင်းကန်တွေမှာကုသိုလ်ပြုကြပါတယ်။နေ့စဉ်ဘ၀ထဲမှာတော့အကုသိုလ်
ရေစီးကြောင်းထဲ မျောလိုက်တဲ့သူ များပါတယ်။ ကုသိုလ်ရေဆန်တက်သူက အချိုးအစားနည်း
တယ်လေ၊ ခက်ခဲတာကိုး ။ ဘာပဲဖြစ်ဖြစ် ဘ၀တွေကိုဖြတ်သန်းရင်း အသိတရားရလာတာတွေ
ရှိကြပါတယ်။ ကျွန်တော်တို့လည်း တစ်ဘ၀သံသရာကို စုန်ဆန်ဖြတ်သန်းရင်း အသိတရား
တစ်ချို့ ရမိတာရှိပါတယ်။ ကြီးကြီးကျယ်ကျယ်တွေတော့ မဟုတ်ပါဘူး။ ဒ်ီအထဲက
တစ်ခုကတော့ လူတစ်ဦးဟာ အများကောင်းကျိုးတတ်အားသရွေ့ လုပ်သင့်တယ်
ဆိုတာပါပဲ။ အများကောင်းကျိုး ဆိုလို့ သိပ်အလှမ်းကျယ်ကျယ်ကြီး တွေးစရာမလိုပါဘူး။
အများမကြိုက်တာ မလုပ်နဲ့ ၊ သူ့အကျိုး ကိုယ့်အကျိုးမျှကြည့်၊ ကိုယ့်ပတ်ဝန်းကျင်၊
ကိုယ့်ဒေသ ၊ ကိုယ့်လူမျိုးကို ဘယ်တော့မှ မပစ်ပယ်နဲ့ ။ တည်ငြိမ်နေတာလေးတွေ
ပျက်သွားအောင်မလုပ်နဲ့၊ တိုးတက်နေတာတွေတန့်အောင်၊ဆုတ်ယုတ်သွားအောင်မလုပ်နဲ့၊
တတ်နိုင်ရင်ကိုယ်ကတိုးတက်အောင် လုပ်ပေး။ မေတ္တာတရားနဲ့ပေါ့ ။
တစ်ချို့ကတော့ သည်လိုမဖြစ်နိုင်ကြတာ တွေ့ရတယ်။ သတင်းတွေမှာကြားရ၊
သတင်းစာတွေမှာ ဖတ်ရပါတယ်။ မတရားနည်းနဲ့စီးပွားရှာကြ၊ အာဏာကို ဖြတ်လမ်းက
ရအောင် လုပ်ကြ ၊ ဘယ်သူ သေသေ ငတေမာရင်ပြီးရော သဘောမျိုးနဲ့ပေါ့။ သည့်ထဲမှာ
မိုက်တွင်း အနက်ဆုံးသူတွေကတော့ နိုင်ငံကြီးတွေရဲ့ ပေးစာကမ်းစာ ဒေါ်လာကိုယူ ၊
နိုင်ငံနဲ့လူမျိုးကို အပေါင်ထားရောင်းစားဖို့ ကြံကြတဲ့သူတွေပါပဲ။
သည်လိုလူတွေရဲ့ ဘ၀ကတော့ မတွေးရဲဘူး။ မဟုတ်တာ မကောင်းတာတွေလုပ်နေကြတာ
မြင်နေ ကြားနေရလို့နောင်ဘ၀ကောင်း/ မကောင်း အသာထား ၊ အခုဘ၀မှာတင် နာမည်က
ဆိုးနေပြီ။ သူတို့အသက်အရွယ်တွေ ကြည့်ပြန်တော့လည်း အများစုက ဘ၀နေ၀င်ချိန်၊
သူတို့တွေအတွက်ကတော့မတွေးဝံ့စရာဘဲ။
သူတို့ရဲ့ လှုံဆော်သွေးထိုးမှုကြောင့် လမ်မှားရောက်နေကြတဲ့ လူငယ်လူရွယ်များကို တစ်ခုပဲမေးချင်ပါတယ်။
ကိုယ့်ပတ်ဝန်းကျင်ကို အပြုသဘောနဲ့ သာယာအောင်၊ အေးချမ်းအောင်၊ တိုးတက်အောင်
လုပ်ချင်ကြတာလား ။ သာယာနေတာလေး အကျည်းတန်သွားအောင်
အေးချမ်းတည်ငြိမ်မှုလေး ပျက်င်္စီးသွားအောင်၊ တိုးတက်နေတာတွေ
ရပ်တန့်ဆုတ်ယုတ်သွား အောင် ဖျက်လိုဖျက်ဆီင်္း လုပ်ချင်တာလား ဆိုတာပါပဲ။
စကားအလှအပကို မကြည့်ဘဲ လက်တွေ့ကျကျ ရှု့မြင်ကြစေချင်ပါတယ်။

No comments: