တောင်ကယ်ရိုလိုင်းနားပြည်နယ်၏ ဇန်န၀ါရီ ၂၆ရက်က နောက်ဆုံးပြုလုပ်ခဲ့သော ဒီမိုကရတ်တစ်ပါတီအကြို သမ္မတလောင်းရွေးချယ်ပွဲ၌ လူမည်းအများစုက အိုဘားမားကို ဆန္ဒပေးခဲ့ကြသဖြင့် အိုဘားမားက ၅၅ရာခိုင်နှုန်း ထောက်ခံမြဲရရှိကာ ဂျွန်အက်ဝပ်က ၁၈ရာခိုင်နှုန်းရရှိသည်။
ဖော်ပြ
အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားပြည်နယ်၏ ဒီမိုကရက်တစ်သမ္မတလောင်း ရွေးကောက်ပွဲတွင် ဘာရက်အိုဘားမားက ပြိုင်ဘက်ဟီလာရီကလင်တန် ၁၃မှတ်အသာဖြင့်ဦးဆောင်လျက်ရှိကြောင်း ဇန်န၀ါရီ ၂၆ရက်က ထုတ်ပြန်သော လူထုမဲဆန္ဒသတင်းတစ်ရပ်၌ ဖော်ပြသည်။
အသာရ
လူထုမဲဆန္ဒပေးမှုအရ အိုဘားမားက ဟီလာရီကလင်တန်ထက် ထောက်ခံမဲအသာရရှိပြီး ဂျွန်အက်ဝပ်က ထောက်ခံမဲ ၂၁ရာခိုင်နှုန်း ရရှိခဲ့သည်။ အမေရိကန်နိုင်ငံ၏ ပထမဆုံးလူမည်းသမ္မတဖြစ်လာနိုင်သော အိုဘားမား သည်တောင်ကယ်ရိုလိုင်းနားပြည်နယ်၌ ကနဦးသုံးရက်တွင် ၁၈ရာခိုင်နှုန်း အထိ ဟီလာရီကလင်တန် ထက်အသာရရှိခဲ့သည်။
အသာစီးမရသေး
လက်ရှိအနေအထားအရ လာမည့်နိုဝင်ဘာတွင်ပြုလုပ်မည့် အမေရိကန် သမ္မတရွေးကောက်ပွဲ၌ဒီမိုကရက် တစ်ပါတီ သမ္မတလောင်းအဖြစ် အိုဘားမားနှင့် ဟီလာရီကလင်တန်တို့ မည်သူမျှအသာစီးမရသေးဘဲ အပြိုင်ဖြစ်နေသည်။
Monday, January 28, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment