Tuesday, January 29, 2008

ပါကစ္စတန်တပ်ဖွဲများဒါရာဒေသသို့စစ်ဆင်

ဟင်ဒူအဝေးပြေးလမ်းမကြီး ပေါ်ရှိမဟာမိတ်လိုဏ်ဂူ အနီးတွင်စုရုံးနေကြသောစစ်သွေးကြွ ၂၆ဦး သေဆုံးကြောင်း အထက်တန်းအရာရှိများက ပြောကြားသည်။ နှစ်ရက်ကြာ ဖြစ်ပွားနေသော တိုက်ပွဲအတွင်း စစ်သွေးကြွစုစုပေါင်း ၅၉ဦးသေဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင် လေးဦးအသက်ဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင် လေးဦးအသက်ဆုံးခဲ့သည်။
ဒါရာမြို့ဒေသတွင် လက်နက်ကြီးများ ၊ ဒုံးကျည်များနှင့် အမြောက်တင် ရဟတ်ယာဉ် များဖြင့် တိုက်ခိုက်ကြသည် ဟုဆိုသည်။ ဒါရာဒေသသည် တရားမ၀င်လက်နက်ပုန်းများထုတ်လုပ်ရာ အကြီးဆုံးစခန်းဖြစ်သည်။ စစ်သွေးကြွ များသည် တောင်ပိုင်းဝါဇီရစ္စတန်သို့ ပေးပို့သော စစ်ဘက်ထောက်ပံ့ရေး လက်နက်သယ်ယာဉ်တန်းကို စီးနင်းမှု ဖြစ်ပွားပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့များက ဒါရာအက်ဒမ်ခါးလ်ဒေသကို စစ်ဆင်တိုက်ခိုက်ခြင်းဖြစ်သည်။

No comments: