Monday, January 28, 2008

ပါကစ္စတန် နျူကလီးယား လက်နက်များရှိရာနေရာ လုံခြုံရေး တိုးမြှင့်ချထား

ပါကစ္စတန်နိုင်ငံ၌ အစ္စလာမ္မစ်စစ်သွေးကြွများက နျူကလီးယားအဆောက်အအုံများကို တိုက်ခိုက်လာနိုင်ခြင်း ကြောင့်လုံခြုံရေးတိုး မြှင့်ချထားရကြောင်း အင်တာနက်သတင်းတွင် ဖော်ပြသည်။
သို့ရာတွင် နျူးကလီးယားအဆောက်အအုံနေရာများကို အတိအကျခြိမ်းခြောက်ခြင်းမဟုတ်ကြောင်း စစ်ဘက်ထိပ် တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြောကြား
တာလီဘန်သို့မဟုတ် အယ်လ်ခိုင်ဒါတို့သည် ပါကစ္စတန်နိုင်ငံက ပိုင်ဆိုင်သော ခန့်မှန်းနျူကလီးယား ထိပ်ဖူး ၅၀ကို လွှဲပြောင်းရယူနိုင်လိမ့်မည်မဟုတ်ကြောင်း ၎င်းကပြောကြားသည်။
ထိန်းချူပ်ရေးစနစ်
ပါကစ္စတန်နိုင်ငံရှိ နျူကလီးယား လက်နက်များကို (ယာပုံ) ထိန်းချုပ်ရေးစနစ် အမျိုးမျိုးချထားကြောင်း ဒုတိယ
ဗိုလ်ချုပ်ကြီးကစ်ဝေက နိုင်ငံခြားသတင်းထောက်များအား ပြောကြားသည်။
တိုက်ခိုက်လာနိုင်
အစ္စလာမ္မစ်စစ်သွေးကြွများသည် မကြာသေးသည့်လများက စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများအား စတင်တိုက် ခိုက်လာကြောင်း ၊ နျူကလီးယား လက်နက်များထားရှိရာနေရာများအား ပစ်မှတ်ထားတိုက်ခိုက်လာဖွယ်ရှိ ကြောင်း၎င်းကပြောကြားသည်။



No comments: