Monday, January 28, 2008

ွှဗင်နီဇွဲလားနိုင်ငံအား စစ်ရေးအရတိုက်ခိုက်ရန် ကိုလံဘီင်္ယာနှင့် အမေရိကန် ပူးပေါင်းကြံစည်နေဟုဆို

ကိုလံဘီယာနိုင်ငံက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်အား ဇန်န၀ါရီ ၂၅ရက်၌ ပင်လက်ခံ တွေ့ဆုံခဲ့သည်။
ကိုလံဘီယာအစိုးရသည်အကွက်ချ ပူးပေါင်းကြံစည်နေကြာင်း၊ မြောက်အမေရိကန်အင်ပါယာ၏ လက်ကိုင်တုတ် ဖြစ်နေကြောင်း ၊ ဗင်နီဇွဲလား နိုင်ငံအားစစ်ရေး အရတိုက်ခိုက်ရန် ကြံစည်နေကြောင်း ချာဗက်ဇ်က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်၌ သတင်းထောက်များအား ပြောကြားသည်။
မိမိအနေဖြင့် ကိုလံဘီယာအစိုးရနှင့် ဗင်နီဇွဲလားနိုင်ငံတို့ ပုံမှန်ဆက်ဆံရေးဖြစ်ရန် အလွန်ခက်ခဲသွားပြီထင်ကြောင်း ၎င်းကပြောကြားသည်။
ကိုလံဘီယာနိုင်ငံ၌ အမေရိကန်တပ်များ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်ရှိ နေခြင်းမှာ ဗင်နီဇွဲလားအားစစ်ရေအရ ခြိမ်းခြောက်နေခြင်းသာ ဖြစ်ကြောင်း ချာဗက်ဇ်က ပြောကြားသည်။

No comments: