ကလင်တန်နှင့် အိုဘားမားတို့သည် အသားအရောင်ပြဿနာ နှင့်ပက်သက်ပြီး အခြေအတင်ဖြစ်ပွား ဒီမိုကရက် တစ် သမ္မတလောင်း ဟီလာရီကလင်တန်က ဘားရက်အိုဘားမား မဲဆွယ်မှုများသည် အသားအရောင် ပြဿနာကို သမ္မတလောင်းရွေးကောက်ပွဲတွင် ထိုးသွင်းလျက်ရှိသည်ဟုဝေဖန်ပြောကြားလိုက်သည်။ မာတင်လူသာကင်းဦးဆောင်လှုပ်ရှားခဲ့သော နိုင်ငံရေးအကျိုးကျေးဇူးများအပေါ် သူမမှတ်ချက်ပြု ပြောကြား ချက်များကို ဖျက်၍ နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးစားနေသည်ဟုNBCသတင်းဌာနနှင့် တွေ့ဆုံးခန်းတွင် ဝေဖန် ပြောကြားခဲ့သည်။ ယခင်သမ္မတကတော်ဟောင်း ဟီလာရီက “ ဒါဟာအိုဘားမား မဲဆွယ်ပွဲတွေက အောင်မြင်စွာပြုလုပ်နိုင်ခဲ့တဲ့ ကံမကောင်းအကြောင်းမလှတဲ့ အကြောင်းပဲဖြစ်ပါတယ်။ င်္ဒီမဲဆွယ်ပွဲဟာ လိင်ကွဲပြားမှုနဲ့ ပက်သက်တယ်လို့ကျွန်မထင်ပါတယ်။ တစ်ဆက်တည်း အသားအရောင် ကွဲပြားမှုမဟုတ်ဘူး ဆိုတာလည်းသေချာပါတယ်” ဟုတ်ပြောကြားသည်။ ဟီလာရီမှတ်ချက်စကားသည် ဇန်န၀ါရီ၂၆ရက်နေ့တွင် ပြုလုပ်မည့်တောင်ကယ်ရိုလိုင်းနားပြည်နယ်အခြေခံ ရွေးကောက်ပွဲ မကျင်းပမီပြောကြားခဲ့ခြင်းဖြစ်သည်။ တောင်ကယ်ရိုလိုင်းနားတွင် လူမည်းမဲဆန္ဒ ပေးနိုင်သူ ၅၀ရာခိုင်နှုန်းအထက် ရှိသည်။ ဟီလာရီကလင်တန်က မာတင်လူသာကင်း၏ လူမျိုးတန်းတူညီမျှမှုရရှိရေး အိပ်မက်သည် သမ္မတလင်ဒန်ဂျွန်ဆင် လက်မှတ်ရေး ထိုးခဲ့ထိုးခဲ့မှသာ အသက်ဝင်လာခဲ့ခြင်းဖြစ်သည်ဟု မှတ်ချက်ပြုပြောကြားခဲ့သည့်အတွက် လူမည်း ခေါင်းဆောင်များကအပြင်းအထန် ဝေဖန်နေကြသည်။ ထိုသို့ပြောကြားခဲ့တာကိုပြန်ချေပသည့်အနေဖြင့် ဟီင်္လာရီက “ဒေါက်တာကင်းဟာ ကျွန်မကြည်ညိုလေးစားတဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ သူကမိန့်ခွန်းပေးရုံသက်သက် လုပ်ခဲ့တာ မဟုတ်ပါဘူး။ သူကစည်းရုံးခဲ့တယ်။ချီတက်ခဲ့သည်။ ကန့်ကွက်ခဲ့သည်။ ထောင်ကျခဲ့ပါတယ်။ ကင်းဟာ ဂျွန်ဆင်ကို ထောက်ခံခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူမှုအခွင့်အရေးတွေကို အတည်ပြုပေးမယ့် သမ္မတတစ်ယောက်ကို ရွေးချယ်ဖို့လိုတယ်ဆိုတာ သူသိခဲ့လို့ဖြစ်ပါတယ်”ဟု အဆိုပါ တွေ့ဆုံခန်းတွင်ပြောကြားခဲ့သည်။
No comments:
Post a Comment