Thursday, January 24, 2008

ဖြစ်တတ်တဲ့ နှလုံးသွေးကြောရောဂါများ




ရင်တုန်ခြင်း (Palpitation)
ရင်တုန်ခြင်း (Palpitation)နှလုံးရောဂါကု ဆရာဝန်တွေကိုပဲဖြစ်ဖြစ်၊ သာမန်အထွေထွေရောဂါကု ဆရာဝန်တွေပဲ ဖြစ်ဖြစ်၊ လူတော်တော်များများ သွားပြီးတော့ ပြနေရတဲ့ ရောဂါကတော့ ရင်တုန်တယ်ဆိုပြီး သွားပြတယ်။ ရင်တုန်ခြင်းပေါ့လေ။ ရင်တုန်လို့လာပြတယ်။ လာပြတဲ့နေရာမှာက ဆရာဝန်တစ်ယောက်အနေနဲ့ တာဝန်တွေ အများကြီးရှိတယ်။ တကယ်ရောဂါရှိလို့ ရင်တုန်တာလား။ စိတ်ကြောင့် ရင်တုန်တာလား။ မတုန်ဘဲနဲ့ တုန်နေတယ် ထင်တာလား။ အပိုင်လေးတွေနဲ့ အများကြီးရှိတယ်ဆိုတော့ ဒီတစ်ခုခုစိတ်မကောင်းစရာပဲဖြစ်ဖြစ် ၊ စိတ်လှုပ်ရှားစရာပဲဖြစ်ဖြစ်၊ ရင်တုန်တယ်ဆိုပြီး မကြာခဏလာပြတယ်။ လာပြတဲ့ လူနာတွေမှာ ကျွန်တော့်ဆီလာပြတဲ့ ရောဂါတွေထဲမှာ ရောဂါရှိတဲ့သူ တွေ့သလို ရောဂါမရှိပဲ ခံစားနေရတဲ့ လူတွေ အများကြီး ရှိတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရင်တုန်ခြင်း ဒီ(Palpitation)ကတော့ ဆရာဝန်တိုင်းလိုလိုကတော့ နေ့စဉ်တွေ့ကြုံနေရမယ့် ဝေဒနာရှင်တွေရဲ့ တင်ပြတဲ့ ပြဿနာတစ်ခုဖြစ်တယ်။
ဒါကြောင့်မို့လို့ ကျွန်တော်တို့တကယ့်ဆေးပညာရပ်နဲ့ဆိုရင်တော့ ဘာကြောင့်ရင်တုန်ရတာလဲ၊ စိတ်ကြောင့်က အရေးကြီးဆုံးပါပဲ။ စိုးရိမ်စိတ်တွေဖြစ်နေတယ်။ တစ်ခုခုကြော်ကမက်ဖွယ်ရာ သတင်းတွေ ကြားတယ် စသဖြင့် အဲဒါဆိုလို့ရှိရင် ဟိုဥပမာ- လမ်းမှာယာဉ်တိုက်မှု ရုတ်တရက်တစ်ခုခုဖြစ်လိုက်တယ်။ ဘာညာဆိုရင် သဘာဝရဲ့ တုန့်ပြန်မှုတစ်ခုခုပါပဲ။ အဲဒီတော့ ထိုနည်းစွာပဲ စိတ်မကြည်လင်တဲ့အခါမှာလည်း ရင်တုန်တာ ဖြစ်တတ်တယ်။ ဒါကြောင့်မို့လို့ စိုးရိမ်စိတ်များ၊ ဝေဒနာရှင်မှာ ရှိနေသလားဆိုတဲ့ စိတ်နဲ့ဟာလေး ကို ကျွန်တော်တို့ နည်းနည်းသိကြဖို့ လိုပါတယ်။ နောက်တစ်ခုက သိပ်ပြင်းထန်တဲ့ကော်ဖီတွေ သောက်တဲ့ သူတွေ၊ လက်ဖက်တွေ ဘာတွေ အတော်များများစားချင်တာတွေ ပိုပြီးတော့ စားလိုက်တဲ့အခါမှာ ရင်တုန်တာ မကြာခဏတွေ့နေရတယ်။
နောက်တစ်ကယ်များအဖြစ်ပြီးတော့ ရင်တုန်စေတဲ့ အကြောင်းရင်တွေကတော့ အများကြီး ရှိတာပေါ့ဗျာ။ သို့သော်လည်းပဲ အများအားဖြင့်ဖြစ်နေကြတာကတော့ ကျွန်တော်တို့ နှလုံးကြွက်သားနဲ့ အဆို့ရှင်လေးတွေ ရောင်ရမ်းတဲ့ကိစ္စ Carditis လို့ခေါ်တယ်။ အဲ့ဒီဟာက Rheumatic Carditis ကြောင့်ဖြစ်တယ်။ အဲ့ဒီလူတွေမှာ ဆိုရင် ရင်တုန်တာတွေဖြစ်တတ်တယ်။ နှလုံးခုန်နှုန်းက ၇၂ မဟုတ်ဘဲနဲ့ ဆိုတော့ (၉၀၊၉၅၊၁၀၀) ပတ်ဝန်းကျင် ဖြစ်နေလို့ရှိရင်လည်း ရင်တုန်တဲ့ဟာ ဖြစ်တတ်တယ်။ ဒါကြောင့်မို့လို့ အဲ့ဒီလိုပြောတဲ့ သူတွေမှာ Carditis ရှိလား၊ မရှိဘူးလားဆိုတာတွေကို ဆရာဝန်တစ်ယောက်အနေနဲ့ စမ်းသပ်ကြည့်ဖို့လိုပါတယ်။ နောက်တစ်ခုက နှလုံးအဆို့ရှင်တွေ ပျက်စီးနေတဲ့လူတွေမှာ (Valvular Heart Diesase) အဲ့ဒီမှာ ဆိုလို့ရှိရင်လည်း ရင်တုန် တာတွေဖြစ်တတ်တယ်။ သူက သွေးလည်ပတ်မှုက အဆို့ရှင်တွေပျက်စီးတဲ့အတွက်ကြောင့်၊ မမှန်ကန်တဲ့ အတွက်ကြောင့် ဒီလူတွေဟာ ရင်ခုန်တယ်။ (Tachycardia)ပေါ့ဗျာ။ ဆေးပညာစကားနဲ့ ပြောရရင်တော့ (Tachycardia,Supraventricular Tachycardia) စသည်ဖြင့် ရင်တုန်တဲ့ဟာတွေကို ခွဲခြားတယ်။ အဲ့ဒီလူတွေ မှာ ဘာလုပ်ပေးရမလဲဆိုရင်တော့ သူတို့ရဲ့နှလုံးကို စမ်းသပ်ပေးရမယ်။ နားထောင်ကြည့်ရမယ်။ (E.C.G)ရိုက် ကြည့်ရမယ်။ နောက်ပြီး (Echo)ဆိုတဲ့ နှလုံးလိုင်းစမ်းသပ်တဲ့ ကိရိယာနဲ့ စမ်းသပ်ကြည့်ပြီးတော့ ရောဂါသံသယ ဖြစ်ရင် လုပ်ဖို့လိုပါတယ်။ နောက်တစ်ခု ကျွန်တော်တို့ အဖြစ်များတဲ့ ရင်တုန်စေတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့လည်ပင်းမှာရှိတဲ့ (Thyroid) ဂလင်းပေါ့လေ။ လည်ပင်းမှာရှိတဲ့ (Thyroid) အကြိတ်ကနေ ပြီးတော့ အဆိပ်ထုတ်ပေးခြင်းဖြစ်ပါတယ်။ ဒါဟာတော်တော်များများ လူတွေလည်း လွတ်နေတဲ့ ရောဂါတစ်ခုလို့ ပြောရမယ်။ ရောဂါတွေ လျှောက်ရှာပြီး မတွေ့ဘူး ရင်တုန်နေတယ်။ (Thyroid) ကြည့်လိုက် ပြန်လို့ရှိရင်လည်း လည်ပင်းက ထင်သလောက်မကြီးဘူး။ နည်းနည်းလေး သူ့ရဲ့ သွားလာလှုပ်ရှားမှုနှုန်း ဆိုတာလေးက မြန်နေတာတွေ့ရှိရမယ်။ တစ်ခါတစ်လေလည်း သိပ်မကွာဘူး၊ ပြောပလောက်အောင် မဖြစ်ဘူး။ အဲ့ဒီမှာ ရင်တွေတုန်နေမယ်။ အဲ့လိုလူမျိုးတွေမှာ ကျွန်တော်တို့က (Thyroid)ဟော်မုန်းပေါ့နော်။ (Thyroid) အကြိတ်များကြီးနေလားဆိုတာကို စမ်းသပ်ကြည့်ဖို့ လိုတယ်။ ဒါကတော့ ကျွန်တော်တို့ ရင်တုန်တယ် နှစ်ပေါင်းများစွာ ရင်တုန်တာကို ထိန်းဆေးတွေပဲ ပေးပြီးတော့ အဲ့ဒါကို လွတ်နေတာတွေလည်း အများကြီး ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရင်တုန်တဲ့လူအားလုံးမှာ လည်ပင်းမှာရှိတဲ့ အကြိတ်ကများ အဆိပ်ထုတ်နေလားဆိုတဲ့ သံသယလေးတော့ အမြဲရှိထားဖို့လိုပါတယ်။
နောက်တစ်ခုကတော့ ဒီနှလုံးမမှန်တဲ့အခါ Atrial Fribrillation လို့ ခေါ်ပါတယ်။ အသက်အရွယ်ရလာတာပဲ ဖြစ်ဖြစ် ၊ အဆို့ရှင်တွေ ပျက်စီးနေတဲ့ လူတွေမှာပဲ ဖြစ်ဖြစ် တစ်ကြိမ်တစ်ခါမှာ ရုတ်တရက်ထပြီးတော့ နှလုံးက အမြန်ခုန်လာတတ်ပါတယ်။ အဲဒီလို လူတွေမှာ ( Fast Atrial Fribrillation )ရုတ်တရက် နှလုံးခုန်နှုန်း အရမ်းမြန်လာတာမျိုးတွေ ဖြစ်လာတတ်တယ်။ နှလုံးခုန်နှုန်းမြန်တဲ့ကလေးတွေကိုလည်းတွေတတ်ပါတယ်။ ကလေးတွေက လူကြီးတွေထက်စာလို့ရှိရင် သာမန်အားဖြင့် နှလုံးခုန်နှုန်းဟာ သာမန်လူတွေထက်ပိုပြီးတော့ မြန်နေတာ တွေ့ရတယ်။ အဲ့ဒီအခါဆိုလို့ ကုသလို့ရတယ်ဆိုတဲ့အကြောင်း ကျွန်တော်ပြောချင်ပါတယ်။
နောက်တစ်ချက်က ပြောချင်တာကတော့ နှလုံးကြွက်သားများ ပျက်စီးခြင်း ( Cardiomyophay )လို့ခေါ်တယ်။ အဲ့ဒီနှလုံးကြွက်သားပျက်စီးခြင်းသည် နှလုံးရောဂါတွေထဲမှာ ကြောက်မက်ဖွယ်ရာ အကောင်းဆုံး ရေဂါတစ်ခု ဖြစ်တယ်။ သွေးကြောမကောင်းရင် ကောင်းအောင် လုပ်ပေးလို့ရတယ်။ နောက်တစ်ခုက အဆို့ရှင်တွေ မကောင်းရင် အဆို့ရှင်တွေလဲပေးလို့ရတယ်။ သို့သော်လည်းပဲ ကြွက်သားမကောင်းရင်တော့ ဘာမှ လုပ်လို့ မရပါဘူး။ နောက်ဆုံး တဖြည်းဖြည်းဆိုးဝါးလာပြီး အဲဒီနှလုံးကြွက်သားကို ဘာလုပ်သလဲဆိုရင် နှလုံးအစားထိုး တဲ့ အဆင့်ကို ရောက်သွားနိုင်ပါတယ်။

နှလုံးကြွက်သားပျက်စီးခြင်း
နှလုံးကြွက်သားပျက်စီးခြင်းနဲ့ ပတ်သက်ပြီးတော့လည်း မကြာခဏ ဆက်စပ်တွေ့ကြုံနေရင်းနဲ့ ဖြစ်သွားနိုင်တဲ့ ရောဂါတစ်ခုက သာမန်အားဖြင့် ကြည့်လိုက်လို့ရှိရင် နှလုံးမှာ အသံပုံမမှန်တဲ့ အသံတော့ ကြားနိုင်ပါတယ်။ နှလုံးခုန်တာလေးတွေ မြန်နေမယ်။ မောတယ် ပြောနေမယ်။ စမ်းသပ်တော့လည်း ဘာမှာ မတွေ့ဘူး။ အဲ့ဒီလို တစ်နေနေရာက နေပြီးတော့ တဖြည်းဖြည်းနဲ့ နှလုံးက အခုန်မမှန်ဖြစ်လာပြီး ဖောင်ကြွလာမယ်။ နောက်တ ဖြည်းဖြည်းနဲ့ ပျက်စီးသွားပြီး အသက်ဆုံးရှုံးနိုင်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

No comments: