Monday, January 21, 2008

ွှအီရန်နျူကလီးယားဓာတ်အားပေးစက်ရုံအတွက် ရုရှားမှ တတိယသုတ်လောင်စာရရှိ

အီရန်နိုင်ငံ၏ ဘာရှာအဏုမြူဓာတ်ပေါင်းဖို၏ အတွင်းပိုင်းတစ်နေရာကို
ဇန်န၀ါရီ ၁၉ ရက်က တွေ့ရစဉ်

ွှအီရန်နိုင်ငံ ဘာရှာနျူကလီးယားဓာတ်အားပေးစက်ရုံ၌ သုံးစွဲရန် ရုရှားနိုင်ငံမှ တတိယသုတ်တင်ပို့လိုက်သော
နျူကလီးယားလောင်စာကို အီရန်နိုင်ငံက လက်ခံရရှိကြောင်း အိုင်အာရ်အင်အေ သတင်းဌာနက ဇန်န၀ါရီ
၁၈ ရက်တွင် ထုတ်ပြန်သည်။
ရုရှားနိုင်ငံသည် ယူရေနီယံလောင်စာချောင်း တန် ၈၀ ကို ဒီဇင်ဘာ ၁၇ ရက်က အီရန်နိုင်ငံသို့ ပထမ
အသုတ်အဖြစ် ပေးပို့ခဲ့ပြီး ဒုတိယအသုတ်အဖြစ် ဒီဇင်ဘာ ၂၈ ရက်တွင် ပို့ဆောင်ပေးခဲ့သည်။ ယင်းသို့
ဆောင်ရွက်မှုသည် အီရန်နိုင်ငံ၏ ယူရေနီယံအားဖြည့်လောင်စာအစီအစဉ်ကို ရပ်တန့်ရေးအတွက် နိုင်ငံတကာမှ ဖျောင်းဖျမှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ဘာရှာစက်ရုံအတွက် ရုရှားနိုင်ငံက နျူကလီးယားလောင်စာ ထောက်ပံ့နေသော်လည်း အီရန်နိုင်ငံသည်
ယူရေနီယံအားဖြည့်လောင်စာ ထုတ်လုပ်နိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြောကြားသည်။
အဆိုပါ စက်ရုံ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာတစ်ဘီရှိပြီး ရုရှားနိုင်ငံက တည်ဆောက်ပေးသည့် စက်ရုံ
ဖြစ်သည်။ ယင်းစက်ရုံအတွက် လောင်စာများကို ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီတွင် ရုရှားနိုင်ငံက ဆက်လက်ပို့ဆောင်ပေးမည်ဖြစ်သည်။ ယူရေနီယံအားဖြည့်လောင်စာများကို သတ်မှတ်ထားသည့်
အချိန်အတွင်း ငါးသုတ်ခွဲ၍ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း အီရန်အဏုမြူစွမ်းအင်အဖွဲ့၏
ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းဌာနက ဖော်ပြသည်။
အီရန်နိုင်ငံသည် ယူရေနီယံ အားဖြည့်လောင်စာနှင့် အခြားနျူကလီးယားပစ္စည်းတို့ကို နျူကလီးယားလက်နက်
များ ထုတ်လုပ်ရန် ရည်ရွယ်ပြုလုပ်နေခြင်းဖြစ်ကြောင်း အမေရိကန်နှင့် အနောက်အင်အားကြီးနိုင်ငံများက
ပြောကြားသည်။ အီရန်အား ဘာရှာစက်ရုံတည်ဆောက်ပေးသည့်အတွက် ရုရှားနှင့် အနောက်အုပ်စုများ
ကြားတွင် သဘောကွဲလွဲမှုဖြစ်သည်။ ထို့အပြင် ရုရှားအား အီရန်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကန့်
သတ်ရန် အနောက်အုပ်စုများက ဖိအားပေးလျက်ရှိသည်။ ဘူရှာစက်ရုံကို နိုင်ငံတကာအဏုမြူစွမ်းအင်
အေဂျင်စီ၏ ထိန်းချုပ်မှုအောက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ရုရှားက ပြောကြားသည်။
နိုင်ငံတွင်း လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းရန် အီရန်၌ နျူကလီးယားဓာတ်အားစက်ရုံ
၁၉ ခုကို ထပ်မံတည်ဆောက်သွားမည်ဖြစ်သည်။အဆိုပါစက်ရုံ တစ်ရုံလျှင် ဓာတ်အားမဂ္ဂ၀ပ် ၁၀၀၀
လုပ်နိုင်မည်ဖြစ်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆွေးနွေးပွဲကို ဘာလင်မြို့၌ လာမည့်ရက်သတ္တပတ်
တွင် ကျင်းပမည်ဖြစ်သည်။ ထိုဆွေးနွေးပွဲ၌ အီရန်နိုင်ငံ၏ ယူရေနီယံ အားဖြည့်လောင်စာလုပ်ငန်းရပ်တန့်
ရေးကို ကမ္ဘာ့အင်အားကြီးနိုင်ငံများ ဖိအားပေးသည့်အနေဖြင့် အီရန်အပေါ် တတိယအကြိမ်မြောက်
သပိတ်မှောက်ပိတ်ဆိုကရေးလုပ်ငန်းကို ဆွေးနွေးသွားမည်ဟု ဆိုသည်။

No comments: