Monday, January 21, 2008

ကမ္ဘာ့ဘဏ်အဆောက်အအုံ ဖောက်ခွဲမည်ဟု ခြိမ်းခြောက်ခံရ

ဗုံးခွဲတိုက်ခိုက်ရန် ခြိမ်းခြောက်ခံရသည့် အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ
ကမ္ဘာ့ဘဏ်အဆောက်အအုံကို ဇန်န၀ါရီ ၁၉ ရက်တွင် တွေ့ရစဉ်


အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ ကမ္ဘာ့ဘဏ်အဆောက်အအုံကို ဇန်န၀ါရီ ၁၉ ရက်တွင် ဗုံးဖောက်ခွဲ
တိုက်ခိုက်မည်ဖြစ်သဖြင့် ၀န်ထမ်းများအနေဖြင့် ရုံးသို့မလာကြရန် တယ်လီဖုန်းဖြင့် ခြိမ်းခြောက်ခဲ့သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဖော်ထုတ်နိုင်ရန် ကမ္ဘာ့ဘဏ်လုံခြုံရေးဝန်ထမ်းများက စုံစမ်းလျက်ရှိသည်။
စုံစမ်းဖော်ထုတ်နိုင်ရန်အတွက် ယခုအခါ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ကမ္ဘာ့ဘဏ်
၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကမ္ဘာ့ဘဏ် အဆောက်အအုံသည် အမေရိကန်သမ္မတ အိမ်ဖြူတော်နှင့် မလှမ်းမကမ်းတွင်ရှိကာ ၀ါရှင်တန်
မြို့လယ်ရပ်ကွက်၌ တည်ရှိသည်။ ထိုအဆောက်အအုံအတွင်း၌ ၀န်ထမ်းပေါင်း ၈၀၀၀ ခန့် အလုပ်လုပ်
လျက်ရှိသည်။

No comments: