တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သင်တန်းအမှတ်စဉ်(၅) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ
အခန်းအနားကို ဇန်န၀ါရီလ(၇)ရက်နေ့နံနက်က ရန်ကုန်မြို့ တပ်မတော်ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌
ကျင်းပရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှုးကြီး
မောင်အေး တက်ရောက်မိန့်ခွန်းပြောကြားသည်။
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်သည် ဒို့တာဝန်အရေးသုံးပါးကိုကာကွယ်
စောင့်ရှောက်မည့် အမျိုးသားတပ်မတော်အတွက် လက်ရုံးရည်နှလုံးရည်ပြည့်ဝသည့် သူနာပြုများ၊ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဘက်ပညာသည်များကို မွေးထုပ်ပေးလျက်ရှိသည်။
အဆိုပါတက္ကသိုလ်တွင် သူနာပြုသိပ္ပံ၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံနှင့် ရောဂါရှာဖွေရေးနည်းပညာ၊ ဓာတ်မှန်ပညာ၊ ကာယကုသမှုပညာစသည်ဖြင့်ဆေးဘက်ပညာသိပ္ပံဘွဲ့များကို သင်ကြားပို့
ချပေးလျက်ရှိသည်။အရည်အသွေးမီသူများကိုလည်း မဟာသိပ္ပံဘွဲ့ ၊ပါရဂူဘွဲ့အဆင့်ထိ တက်ရောက်သင်ကြားခွင့်ပေးထားသည်။
သူနာပြုလုပ်ငန်းသည် မေတ္တာဂရုနာကြီးမားမှု ၊စေတနာထက်သန်မှု ၊အပင်ပန်းအဆင်းရဲခံနိုင်မှု၊ ကိုယ်ကျိုးစွန့်အနစ်နာခံနိုင်မှု၊ မွန်မြတ်သောနှလုံးရည်နှင့် ပြည်စုံသူများသာထမ်းဆောင်နိုင်သောတာ
ဝန်မျိုးဖြစ်သည်။
သင်တန်းဆင်းသူနာပြုစစ်သည်များသည် လက်ရုံးရည်ဖြစ်သည့် တိုက်ရည်ခိုက်ရည်ရှိခြင်း ၊ နှလုံးရည်ဖြစ်သည့်စိတ်ဓာတ်ကောင်းခြင်း၊ စည်းကမ်းကောင်းခြင်း၊သစ္စာရှိခြင်း ၊ စည်းလုံးညီညွတ်
ခြင်းတို့ဖြင့်ပြည့်ဝနေရမည်ဖြစ်သကဲ့သို့ မိမိတို့တတ်ကျွမ်းသောဆေးပညာဖြင့်နိုင်ငံတော်ကို အလုပ်အကျွေးပြုရင်းပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သင်တန်းဆင်းများအနေဖြင့် နိုင်ငံတော်ကာ
ကွယ်ရေးတာဝန်များနှင့် တပ်မတော်ဆေးဘက်ဆိုင်ရာပညာ တာဝန်များကိုကျွမ်းကျင်၊ကူညီ၊ ဆေးစစ်သည်
ဆောင်ပုဒ်နှင့်အညီ ထူးချွန်ထက်မြက်စွာ ထမ်းဆောင်ရင်း တပ်မတော် ဆေးပညာသည်များ၏ဂုဏ်ရည် ထာဝရ
ထွန်းပြောင်စေရေးအတွက်ကြိုးပမ်းစွမ်းဆောင်သွား ကြရမည်ဖြစ်ကြောင်းရေးသားလိုက်ရပေသည်။
Wednesday, January 9, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment