Wednesday, January 9, 2008

အမေရိကန်သံတမန်ဆူဒန်တွင်တိုက်ခိုက်ခံရ

ဆူဒန်မြို့တော်ခါတွမ်တွင် အမေရိကန်သံတမန်နှင့် သူ၏ယာဉ်မောင်းတို့သေဆုံးသွားရသော တိုက်ခိုက်မှုကို ဆူဒန်က အပြစ်တင်လိုက်သည်။ အဆိုပါ တိုက်ခိုက်မှုသည် မည်သူ၏လက်ချက်ဖြစ်သည်ဆိုသည်ကို ပြောရန် စောသေးသည်ဟု အမေရိကန်ကဆိုသော်လည်း ဆူဒန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အကြမ်းဖက်တို့၏ တိုက်ခိုက်မှုကို ပစ်ပယ်ထားသည်။
ဂျွန်ဂရန်ဗီလီအမည်ရှိ သံတမန်သည် ၂၅-၁၂-၀၇ရက်နေ့ အစောပိုင်း၌ သူ့ကားကို ပစ်ခတ်ရာမှရရှိသော ဒဏ်ရာဖြင့် သေဆုံးသွားသည်။ သူ၏ ယာဉ်မောင်း ဆူဒန်လူမျိုးလည်း သေဆုံးသွားသည်။ ဤအဖြစ်အပျက် အတွက် လှိုက်လှိုက်လှဲလှဲဝမ်းနည်းကြောင်း၊ တိုက်ခိုက်သူများကိုလည်း အပြစ်တင်ကြောင်း ဆူဒန်နိုင်ငံခြားရေး ၀န်ကြီးဌာန၏ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးအကြံပေးပုဂ္ဂိုလ် အလီအယ်လ်-ဆာဒစ်က ဘီဘီစီသို့ ပြောပြသည်။ ဤအဖြစ်အပျက်သည် အကြမ်းဖက်ဝါဒနှင့် ဆက်စပ်မှုရှိ၊ မရှိ ပြောရန် စောလွန်းသေးကြောင်း ခါတွမ်ရှိ အမေရိကန်သံရုံးပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
စုံစမ်းစစ်ဆေးမှုများကို အမေရိကန်လုံခြုံရေးတပ်ဖွဲ့များနှင့်အတူ ဆက်လက်ပြုလုပ်လျက်ရှိသည်ဟုအယ်လ်ဆာ ဒစ်က ဆိုသည်။ အဓိက ဦးတည်ချက်မှာ ရာဇ၀တ်ကောင်များကိုဖမ်းပြီး တရားရုံးတင်ရန်ဖြစ်ရာ ရာဇ၀တ် ကျူးလွန်သူများက သူတို့ကျူးလွန်သော ရာဇ၀တ်မှုအတွက် အပြစ်ရမည်စိုးသောကြောင့် ယခုကဲ့သို့ တိုက်ခိုက်ခြင်းလည်း ဖြစ်နိုင်သည်ဟု အယ်လ်-ဆာဒစ်က်ဆိုသည်။
အသက် ၃၃ နှစ်သာရှိသေးသော ဂရန်ဗီလီသည် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီမှ အရာရှိဖြစ် သည်။ မစ္စတာဂရန်ဗီလီသည် လက် ပခုံးနှင့် ၀မ်းဗိုက်တို့တွင် ငါးချက်ဒက်ရာရခဲ့သည်ဟု ဆိုသည်။ အာဖရိက သမဂ္ဂနှင့် ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်သိမ်းရေးတပ်များ ဆူဒန်၏ စစ်ဒါဏ်ခံ ဒါဖာဒေသတွင် တာဝန်ထမ်းဆောင် ပြီးနောက် ယခုပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားလာခဲ့သည်။
အနောက်ဆန့်ကျင်ရေး၊ အမေရိကန်ဆန့်ကျင်ရေး၊ အမေရိကန်ဆန့်ကျင်ရေးစိတ်ဓါတ်များ ဆူဒန်တွင် မြင့်မား နေသည်။ ဒါဖာတွင် ကျင့်သုံးသော ဆူဒန်၏မူဝါဒများကို အနောက်က ဝေဖန်သောကြောင့် အဆိုပါ အနောက် ဆန့်ကျင်ရေး၊ အမေရိကန်ဆန့်ကျင်ရေး စိတ်ဓါတ်များ မြင့်မားလာရခြင်းဖြစ်သည်ဟု သတင်းထောက်များက ဆိုကြသည်။ သို့ပေမယ့် နိုင်ငံခြားသားများကို တိုက်ခိုက်မှုဖြစ်ခဲ့သည်။

No comments: