Sunday, January 6, 2008

ပြည်ပသတင်းနောက်ဆုံးဖြစ်ရပ်များ

ဘူတိုလုပ်ကြံခံရမှု စကော့တလန်ဟာ့ဒ်အဖွဲ့ ကူညီစုံစမ်းမည်
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဘာနာဇီယာဘူတိုလုပ်ကြံခံရမှုတွင် ကူညီစုံစမ်းထောက်လှမ်းပေးရန် ဗြိတိန်နိုင်
ငံမှ စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့တစ်ဖွဲ့ ပါကစ္စတန်နိုင်ငံသို့ ရောက်ရှိလာသည်။
လုပ်ကြံမှုစုံစမ်းစစ်ဆေးခြင်းနှင့်စပ်လျင်း၍ အပြည့်အ၀အားရကျေနပ်မှုမရှိကြောင်း စောစောပိုင်းကပင် ပါကစ္စတန်သမ္မတမူရှာရက်ဖ်ကပြောကြားသည်။ သို့သော်လုပ်ကြံမှုဖြစ်ပွားပြီးနောက် လျှို့ဝှက်ချက်များကို အစိုးရ သို့မဟုတ်ထောက်လှမ်းရေးအဖွဲ့များက ဖုံးကွယ်ရန်ကြိုးပမ်းမည်ဟု မယုံကြည်ကြောင်း မူရှာရက်ဖ်က ဆက်လက်ပြောကြားသည်။

No comments: