အိန္ဒိယနိုင်ငံ အလယ်ပိုင်းကျေးရွာ တစ်ရွာရှိကျောင်း၌ ဇန်န၀ါရီ ၃ရက်တွင် ၁၅နှစ်အရွယ်ကျောင်းသားတစ်ဦး
ကသေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ၁၃နှစ်အရွယ်လူငယ်တစ်ဦးသေဆုံးကြောင်း ၊ အလားတူပင်လွန်ခဲ့သည့်လက
နယူးဒေလီမြို့ ဆင်ခြေဖုံးကျောင်း၌လည်း ပစ်ခတ်ခြင်းကြောင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကသောကြာ နေ့ကပြောကြားသည်။
မာဒရာပရာဒေရှ်ပြည်နယ် အရှေ့ပိုင်း ချောဝါရီကျေးရွာရှိ ကျောင်းတွင်လူငယ်နှစ်ဦး ရန်ဖြစ်ရာမှ သေနတ်
ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ၊ပစ်ခံရသူလူငယ်သေဆုံးခဲ့ပြီး ပစ်ခတ်သူကျောင်းသားအားဖမ်းဆီးထားကြောင်းရဲတပ်
ဖွဲ့ကပြောကြားသည်။
နယူးဒေလီမြို့ဆင်ခြေဖုံးရှိ ပုဂ္ဂလိကကျောင်း၌လည်း လူငယ်နှစ်ဦးကို၎င်းတို့၏အတန်းဖော်အားပစ်ခတ်ခြင်း
ကြောင့် သေဆုံးရသည့်အတွက် ဒီဖင်ဘာလရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
Monday, January 7, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment