Monday, January 7, 2008

ဗဟိုအလုပ်အမှုဆောင် ၀န်ကြီး ဗိုလ်မှုးချုပ်တင်နိုင်သိန်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း လုပ်ငန်းများဆောင်ရွက်


ဗဟိုအလုပ်အမှုဆောင် ၀န်ကြီး ဗိုလ်မှုးချုပ်တင်နိုင်သိန်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း လုပ်ငန်း
များဆောင်ရွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဗဟိုအလုပ်အမှုဆောင် ၀န်ကြီးဗိုလ်မှုးချုပ် တင်နိုင်သိန်းသည် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာ၂၉ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အင်တော မြို့နယ် ကျောက်ဆုံး ကျေးရွာရှိ ကျောက်ဆုံနှစ်ရှည်နှင့် ရာသီသီင်္းနှံစိုက်ခင်းကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက်ဗဟိုအလုပ်အမှုဆောင် ၀န်ကြီးနှင့်အဖွဲ့သည် ကျောက်ဆုံကျေးရွာအခြေခံပညာမှုလတန်း ကျောင်းရှိ ကျောင်းသား ၊ ကျောင်းသူများအတွက် အလှုငွေ၊ ဗလာစာအုပ် နှင့်ကျောင်းအသုံးအဆောင်
ပစ္စည်းများကိုလှုဒါန်းသည်။
လှုဒါန်း
ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင် ၀န်ကြီးနှင့်အဖွဲ့သည် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
ခန်းမ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းဝင်များ အားတွေ့ဆုံအမှာစကား ပြောကြားပြီး တင်ပြချက် များ အပေါ် ဗဟိုအလုပ်အမှုဆောင်ဝန်ကြီးက လိုအပ်သည်များကိုမှာကြားဖြည့်ဆည်းပေးပြီး အလှုငွေကျပ် တစ်သိန်းကို အင်တောအခြေခံ ပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးထံသို့လည်းကောင်း၊ ကျောင်းသုံးဗလာစာအုပ်များကို ကျောင်းအကျိုးတော်ဆောင်ထံသို့ လည်းကောင်းပေးအပ် လှုဒါန်းသည်။ဗဟို အမှုဆောင်ဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာ၃၀ ရက်တွင်အခြေခံပညာအထက်တန်းကျောင်း ဗထူး (ရပ်စောက် မြို့) ကျောင်းခန်းမ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်း အဖွဲ့ ၀င်များအားတွေဆုံမှာကြားပြီး ရပ်စောက်မြို့ အခြေခ့ပညာအထက်တန်းကျောင်းနှင့်ဗထူးအခြေခံပညာ အထက်တန်းကျောင်းများအတွက် အလှုငွေများနှင့် စာအုပ်နှင့်စာရေးကိရိယာများကို ပေးအပ်လှုဒါန်းသည်။

ကြည်ရှု့စစ်ဆေး
ထိုမှတစ်ဆင့်ဗဟိုအလုပ်အမှုဆောင်ဝန်ကြီးအဖွဲ့နှင့် အဖွဲသည် ရပ်စောက်မြို့နယ်ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက စိုက်ပျိုးထားရှိသော သရက်စိုက်ခင်းကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(တောင်ပိုင်း) ဥက္ကဋ္ဌ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှုးဗိုလ်ချုပ် သောင်းအေးနှင့် ဗဟိုအလုပ်အမှုဆောင် ၀န်ကြီးတို့သည် တောင်ကြီးမြို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းရုံ၌ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြို့နယ်ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းများမှအမှုဆောင် များ၊ရပ်ကွက်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌများ၊ အသင်းသူများအားတွေဆုံ၍ ရပ်ရွာအကျိုး စုပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


No comments: