Monday, January 7, 2008

လူထုအစည်းအဝေးပွဲမကျင်းပရန် ပြည်သူ့အာဏာပါတီကို တိုက်တွန်း

နိုင်ငံအတွင်းမငြိမ်သက်မှုများ ပေါ်ပေါက်လာနိုင်ခြင်းကြောင့် နိုင်ငံရေး လူထုအစီးအဝေးပွဲကျင်းပဲခြင်း မပြုလုပ်နိုင်ရန် ထိုင်းရွေးကောက်ပွဲကော်မရှင်ကပြည်သူ့အာဏာပါတီ (ပီပီပီ)ကို တိုက်တွန်းလိုက်ကြောင်း
ယနေ့ဆင်ဟွာသတင်း တွင်ဖော်ပြသည်။
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဘူရီယမ်ပြည်နယ်တွင် ပီပီပီပါတီက လူထုစည်းဝေးပွဲကျင်းပခြင်းဖြင့် ရွေးကောက်
ပွဲလွန်ကာလနိုင်ငံ မတည်မငြိမ်ဖြစ်အောင်လုပ်ျေဆာင်လိုသူများအတွက် အကြိုက်ဖြစ်စေနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်အကြီးအကဲ ပရာပန်နေကိုဝစ်က ပြောကြားသည်။
ပီပီပီပါတီမှ ရွေးချုယ်တင်မြှောက်ခံရသူ အမတ်သုံးဦးသည် မဲဝယ်ခဲ့သဖြင့် ရွေးချယ်တင်မြှောက်ခံရမှုကို
ပြန်လည်ပယ်ဖျက်ရန် ရွေးကောက်ပွဲကော်မရှင် ကဆုံးဖြတ်ပြီးနောက် ယင်းပါတီလှုပ်ရှားသူ ၂၀၀၀၀ခန့်က
ဘူရီရမ်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးအနီး ဆန္ဒပြခဲ့ကြ၍ လူထုအစည်းဝေးပွဲ မကျင်းပရန် ရွေးကောက်ပွဲ
ကော်မရှင် အကြီးအကဲ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

No comments: