အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်တွင် ကားဗုံးတစ်လုံးပေါက်ကွဲပြီးနောက် အနည်းဆုံးလူ ၁၄ဦး သေဆုံးခဲ့ပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ဆေးရုံအရာရှိများကပြောကြားခဲ့သည်။
ဗုံးပေါက်ကွဲမှုသည် မြို့တော်၏ တာရာရန်းရင်ပြင် အနီးရှိ လူထုဈေး ဘာ့ဘ်အယ်လ်တွင်ဖြစ်ပွားခဲ့သည်။ အဆိုပါနေရာသည် လွန်ခဲ့သောအချိန်များက တိုက်ခိုက်ရေးသမားများ၏ ပစ်မှတ်ထားခြင်းခံခဲ့ရသော ဘဂ္ဂဒက်အလယ်ပိုင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
သောကြာနေ့က ပေါက်ကွဲမှုကြောင့် သေဆုံးသူအများအပြားသည် အရပ်သားများဖြစ်ကြပြီး သေဆုံးသူများထဲတွင် အနည်းဆုံးအမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး ပါဝင်သည်ဟု သတင်းများကဆိုသည်။အဆိုပါနယ်မြေသည် သောကြာနေ့ ၀တ်ပြုဆုတောင်ပွဲပြီးသည့်နောက် အိမ်သို့ပြန်လာကြသော ဈေးဝယ်သူများ ပြည့်နှက်နေသည့်အချိန်ဖြစ်သည်။
လုံခြုံရေးတပ်ဖွဲ့များသည် နယ်မြေကိုပိတ်ခဲ့သည်။ နယ်မြေသည် အီရတ်ပြည်ထဲရေးဝန်ကြီးဌာနနှင့် အဓိကကျသော ဘတ်စ်ကားမှတ်တိုင်များနှင့်နီးကပ်ကြောင်း AFT သတင်းဌာနကဖော်ပြခဲ့သည်။
ယခုနှစ် ဇန်န၀ါရီလက အဆိုပါနေရာတွင် ကားဗုံးနှစ်လုံးပေါက်ကွဲမှုသည် လူ ၈၀ ကျော်သေဆုံးခဲ့သည်။
တိုက်ခိုက်ရေးသမားများသည် အီရတ်တစ်ဝန်းတွင် အထူးသဖြင့် ဘဂ္ဂဒက်တွင်ရှိသော ဈေးများအား မကြာခဏ တိုက်ခိုက်ခဲ့ကြသည်။
လွန်ခဲ့သောလက တိရစ္ဆာန်များကို သယ်ဆောင်ရန်အသုံးပြုသော ကတ်ထူသေတ္တာများထဲတွင်
ဝှက်ထားသောဗုံးနှစ်လုံးသည် မြို့တော်၏ အယ်လ်ဂါဇယ်အိမ်မွေးတိရစ္ဆာန်ဈေးတွင် ပေါက်ကွဲခဲ့ရာ အနည်းဆုံးလူ ၁၃ ဦးသေဆုံးခဲ့သည်။ အဆိုပါ နောက်ဆုံးတိုက်ခိုက်မှုသည် ဘဂ္ဂဒက်တွင် ရက်အား ကာလယာယီအားဖြင့် ငြိမ်သက်နေသည့် အချိန်ကုန်ဆုံးချိန်၌ ဖြစ်ပွားခဲ့သည်။
အမေရိကန်ပြည်ထောင်စု စစ်တပ်အဆိုအရ နိုင်ငံတစ်ဝန်းတွင် အကြမ်းဖက်မှုသည် ၆၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့သည်ဟု ဆိုသည်။
သို့ရာတွင် ဘဂ္ဂဒက်မြောက်ပိုင်းရှိ ဒီယာလာပြည်နယ်တွင် တိုက်ခိုက်မှုများသည်ဆက်လက်ဖြစ်ပွားလျက် ရှိသည်။ စစ်ဘက်တပ်မှူးများက တိုက်ခိုက်ရေးသမားများ ယခင်က ထိန်းချုပ်ထားသော မြို့တော်၏ အစိတ်အပိုင်းများမှာ ထွက်ပြေးခဲ့ကြောင်း ပြောကြားခဲ့သည်။
Tuesday, January 8, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment