Thursday, January 10, 2008

နိုင်ငံတကာအကြမ်းဖက်မှုများအပါအ၀င် ကမ္ဘာတစ်ဝန်းမှုခင်းများသည် Information Technology ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်ဆက်နွှယ်မှုများရှိလာ ............

နိုင်ငံတကာအကြမ်းဖက်မှုများ အပါအ၀င်ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသော မှုခင်းများသည် IT ကဏ္ဍဖွံ့ဖြိုးတိုး တက်မှုနှင့်ပတ်သက်ဆက်နွယ်မှုများ ရှိလာနေခြင်းကြောင့် ကွန်ပျုတာကွန်ကရက်များကို အသုံးချ၍ ပေါ်ပေါက် လာနိုင်သည့် မှုခင်းဆိုင်ရာပြဿနာများကို မြန်မာနိုင်ငံအနေဖြင့် အလေးထားဆောင်ရွက် သွားရန် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက Weekly Eleven News ဂျာနယ်သို့ အသိပေးပြော ကြားခဲ့သည်။
နိုင်ငံတကာဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ အာဆ်ံယံဝန်ကြီးများ အဆင့်အစည်းအဝေးတွင် Information Technology နှင့်ပတ်သက်သည့် Cyber Crime ဆိုင်ရာဒေသတွင်းပြဿနာများကို ဖြေရှင်းရန် အာဆီယံနိုင်ငံ များနှင့်အတူ အာရှအင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ တောင်ကိုးရီးယား၊ ဂျပန်နိုင်ငံ တို့နှင့်ပူးပေါင်း ဆောင်ရွက်သွားရန် ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံအနေဖြင့် Cyber Crimeဆိုင်ရာ ပြဿနာ များကို အာရှအင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ ၊အိန္ဒိယနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်သွားရန်ရှိ ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှရဲမှုးကြီး စစ်အေးကထုတ်ဖော်ပြောကြားခဲ့သည်။
"Information Technology ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ ITနဲ့ဆက်နွယ်ပတ်သက်နေတဲ့ မှုခင်းတွေ၊ အကြမ်းဖက်မှုတွေ နိုင်ငံတကာမှာ ဖြစ်ပေါ်နေတာတွေရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာလဲဒါမျိုးအလားအလာ တွေရှိနေပြီ ဖြစ်ပါတယ်။ ကွန်ပျူတာကွန်ကရက်တွေကို အသုံးချပြီးတော့သတင်းအချက်အလက် ခိုးယူသုံးဆွဲမှု တွေ၊တရားမ၀င်သုံးဆွဲမှုတွေ၊ အလွဲသုံးမှုတွေ၊ လူတစ်ဦးရဲ့ကိုယ်ရေးအချက်အလက်တွေကို ကွန်ပျူတာ ကွန်က ရက်ကနေ လွှင့်တင်မှုတွေ၊ အင်တာနက်ကွန်ကရက်ကနေတဆင့် လူတစ်ဦးရဲ့ဂုဏ်သိက္ခာညိုးနွမ်းအောင် မတ ရားဆောင်ရွက်တာတွေ ၊မဟုတ်မမှန်တဲ့ လုပ်ကြံအချက်အလက်တွေကို အင်တာနက်ကွန်ကရက် ကနေလွှင့် ထုတ်မှုအန္တရာယ်တွေကိုဖော်ထုတ်တာမြစ်ဖို့ကို အလေးထားဆောင်ရွက်ထားဖို့ရှိပါတယ်" ဟုရဲမှုးကြီး စစ်အေး ကရှင်းပြခဲ့သည်။
Cyber Crime ဆိုင်ရာပြဿနာများကို ဖြေရှင်းရာတွင် မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ရုံး နှင့် မှုခင်းတပ်ဖွဲ့(CID) တို့ပူးပေါင်းပါဝင်မည်ဖြစ်သည်။ထိုသို့ဆောင်ရွက်ရာတွင်နည်းပညာပိုင်း ဆိုင်ရာအကူအညီ များကို အာဆီယံဒေသတွင်းIT Crime ဆိုင်ရာဦးဆောင်နိုင်ငံဖြစ်သည့် စင်ကာပူနိုင်ငံနှင့်လည်းကောင်း၊ အာရှ တွင်ITဖွံ့ဖြိုးပြီးဖြစ်သည့် အိန္ဒိယ၊တရုတ်နိုင်ငံတို့နှင့်နည်းပညာဆိုင်ရာအကူအညီများရယူသွားရန် ရှိကြောင်း လည်း သိရသည်။
"ITနဲ့ဆက်စပ်တဲ့မှုခင်းဆိုင်ရာပြဿနာတွေကို ဖြေရှင်းဖို့ရာမှာလည်းအပိုင်းနှစ်ပိုင်း ရှိနေပါတယ်။ ပထမတစ် ပိုင်းက နည်းပညာပိုင်းဆိုင်ရာ ဖြစ်ပါတယ်။ နောက်တစ်ပိုင်းကမှုခင်းများကို ဖော်ထုပ်ဖို့ဖြစ်ပါတယ်။ ဒီနှစ်ချက် ကို အချိုးညီဖို့ရာမှာ ITပညာရပ်နဲ့မှုခင်းဖော်ထုတ်မှုနည်းပညာ ပေါင်းစပ်ပေးဖို့လိုတဲ့အတွက် ဒေသတွင်းနဲ့ အာရှမှာ ဖွင့်လှစ်ပို့ချပေးနေတဲ့ ITဆိုင်ရာ သင်တန်းတွေကို မပြတ်ပို့လွှတ်ပေးနေပါတယ်။ ဆင့်ပွားသင်တန်း များလည်း ပြည်တွင်းမှာ ပြန်လည်ပေးဝေနိုင်ရန် စီစဉ်လျက်ရှိပါတယ်" ဟုရဲမှုးကြီးစစ်အေးကပြောကြားခဲ့သည်။

No comments: