Thursday, February 7, 2008

အမေရိကန်အကြိုအခြေခံသမ္မတလောင်းရွေးပွဲအင်္ဂါနေ့ပွဲအ ပြီးမက်ကိန်းအသာရ

ရီပတ်ဘလီကန်ပါတီမှ သမ္မတလောင်းဖြစ်လာရန်သေချာသလောက်ဖြစ်နေသူ ဂျွန်မက်ကိန်း

အမေရိကန်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် အကြို အခြေခံ သမ္မတလောင်း ရွေးပွဲများတွင် ရီပတ်ဘလီကန် ပါတီမှ ယှဉ်ပြိုင်နေ
သူဂျွန်မက်ကိန်းသည် အင်္ဂါနေ့ကပြုလုပ်သည့် ရွေးချယ်ပွဲအပြီးတွင်မဲဆန္ဒနယ်များ၌ အနိုင်ရရှိ ထားရာသမ္မတလောင်းအဖြစ် လျာထားခံရရန် သေချာသည့် အနေအထားရောက်နေသည်ကို တွေ့ရသည်။

ဒီမိုကရက်တစ်ပါတီ၏ ရှေ့တန်းမှ ယှဉ်ပြိုင်နေသူ ကလင်တန်နှင့် အိုဘားမားတို့၏ အနေအထားသည် တစ်ယောက်နှင့်တစ်ယောက်အပြတ်ဖြတ်နိုင်သည့် အနေအထားမရှိဘဲဖြစ်နေသည်ဟု သတင်းများကဖော်ပြ နေသည်။
ဆီနိတ်တာမက်ကိန်းသည် မဲဆန္ဒ နယ်ကြီးများ ဖြစ်သော ကယ်လီဖိုးနီးယားနှင့် နယူးယောက်တို့တွင် အနိုင်ရရှိသွားသည်။မိုက်ဟက်ကာဘီသည မျှော်မှန်းထားသည်ထက် ရလာဒ်ကောင်းများကို ရရှိခဲ့သည်။
ဒီမိုကရက်တစ်ပါတီမှ ယှဉ်ပြိုင်သူများကို ကြည့်မည်ဆိုပါက ဟီလာရီကလင်တန်သည် ပြည်နယ်ကြီးများဖြစ်သော နယူးယောက်နှင့် ကယ်လီဖိုးနီးယားတို့တွင် အနိုင်ရရှိထားသည်။ဘာရက်အိုဘားမားမှာမူ မဲဆန္ဒနယ် ၁၃ နေရာ၌ အနိုင်ရရှိထားပြီးဖြစ်သည်။
ဖေဖော်ဝါရီ ၅ ရက်က ကျင်းပသည့်ပွဲသည် နိုဝင်ဘာ၌ ကျင်းပမည့် ရွေးကောက်ပွဲကြီး မတိုင်မီ ပြုလုပ်သော အရေးအပါဆုံး အကြိုအခြေခံအဆင့် ရွေးကောက်ပွဲကြီး မတိုင်မီပြုလုပ်သော အရေးအပါဆုံး အကြိုအခြေခံအဆင့် ရွေးချယ်ပွဲပင်ဖြစ်သည်။မက်ကိန်းက အနိုင်ရရှိလိုက်သည့်အတွက် ၄င်း၏ အဓိကပြိုင်ဘက်မစ်ရွမ်းနေးမှာ အထိနာသွားပြီဖြစ်သည်။

No comments: