Thursday, February 7, 2008

ဆိုမာလီယာပင်လယ်ဓားပြများသင်္ဘောသားများကိုဖမ်းဆီး

အာဖရိက ဦးချိုဒေသ ကမ်းလွန် တစ်နေရာတွင် ခုတ်မောင်းနှင်လာသည့် သင်္ဘောမှ ဗြိတိသျှ မာလိန်မှူးနှင့်ရုရှားသင်္ဘောသားများကို ဆိုမာလီယာနိုင်ငံမှ ပင်လယ်ဓားပြများက ဖမ်းဆီးထားကြောင်း သင်္ဘောပိုင်ရှင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ပြောကြားသည်။
စဗစ်ဇာကော်ဆာကော့ဗ် အမည်ရှိ ရုရှားဆွဲ သင်္ဘောသည် ရုရှားနိုင်ငံ၏ ပစိဖိတ် ကမ်းခြေသို့ ဦးတည်မောင်းနှင်လာစဉ် ပင်လယ်ဓားပြများက သောကြာနေ့တွင် သိမ်းယူခဲ့သည်။
ယင်းသင်္ဘောပေါ်တွင် ရုရှားသင်္ဘောသားလေးဦး၊အိုင်ယာလန်နိုင်ငံသား အင်ဂျင်နီယာချုပ်တစ်ဦးနှင့်ဗြိတိသျှ မာလိန်မှူးတစ်ဦးတို့ စီးနင်းလိုက်ပါလာခဲ့သည်။
မိမိတို့အနေဖြင့် သင်္ဘော၏ အကြီးအကဲ၊ပင်လယ်ဓားပြများနှင့် အဆက်အသွယ် ပြုလုပ် ခဲ့သည်ဟု သင်္ဘော၏ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ်အဒမ်ဆမ်က ပြောကြားသည်။

No comments: