အိမ်ရာဈေးကွက်၌ ဈေးနှုန်းထိုးကျမှုကြောင့် စားသုံးသူ ငွေကြေးသုံးစွဲမှု ကျုံ့သွားစဉ် မကြာမီလများအတွင်းက အမေရိကန် စီးပွားရေး တိုးတက်မှုမှာ သိသိသာသာ နှေးကွေးသည်။ စီးပွားရေး ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးရန် ကိုးရက်အတွင်းက အမေရိကနအတိုးနှုန်းများကို နှစ်ကြိမ်တိုင် ဖြတ်တောက်ပစ်သည်။
ခက်ခဲသော ကာလတစ်ရပ်
အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်က ကင်းဆပ်ပြည်နယ်၌ ဖေဖော်ဝါရီ ၁ ရက်က မိန့်ခွန်းပြောကြားစဉ် အမေ ရိကန်စီးပွားရေးမှာ ခက်ခဲသောကာလတစ်ရပ်ကို ဖြတ်သန်းနေရပြီဖြစ်ကြောင်း ၀န်ခံလိုက်သည်။ထို့ပြင် စီးပွားရေးအားပေးမှု အဆိုကို ထောက်ခံကြရန် ၀ါရှင်တန်၌ သမ္မတဘုရှ်က အမတ်များအား တိုက်တွန်းလိုက် သည်။ငွေကြေးဖောင်းပါမှုနိမ့်ကျပြီး ကုန်ထုတ်လုပ်မှုက မြင်းမားကြောင်း၊သို့သော် စီးပွားရေးမှာ အင်အားချည့်နဲ့ လျက်ရှိပြီး မိမိတို့တစ်ခုခုကို လုပ်ရမည့် အရေးကြီးလက္ခဏာများရှိနေသည်မှာ အမှန်ပင်ဖြစ်ကြောင်း သမ္မတဘု ရှ်က ပြောကြားသည်။
အခွန်ပေးရန် တန်ဖိုးပေါ်ပြန်အမ်းငွေတွင် ဒေါ်လာဘီလီယံ ၁၅၀ဆောင်းပေးမည့် စီးပွားရေးကျားကန်မှု အစီအစဉ်အပေါ် အမေရိကန်ကွန်ဂရက်နှင့် သမ္မတဘုရှ်အစိုးရတို့ သဘောတူညီပြီးဖြစ်သည်။ထိုအစီအစဉ်ကို အောက်လွှတ်တော်က ထောက်ခံပြီးလည်း ဖြစ်သည်။အထက်လွှတ်တော်၏အတည်ပြုချက်သာ စောင့်နေသည်။ အလုပ်ဖြုတ်မှုများမှာ အစုအပြုံလိုက် ကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ၀န်ဆောင်မှု လုပ်ငန်းအပါအ၀င် အမေရိကန် စီးပွားရေးကဏ္ဍအားလုံးတွင် ကြုံတွေ့ရသည်။
အမေရိကန်စီးပွားရေးဖွံ့ဖြိုးမှု နှစ်ပတ်လည်နှုန်းမှာ၂၀၀၇ ခုနှစ် ဇူလိုင်လနှင့် စက်တင်ဘာလအတွင်း တတိယသုံးပတ်တွင် ၄ ဒသမ၉ ရာခိုင်နှုန်းရှိသည်။ထိုနှစ်အောက်တိုဘာလမှ ဒီဇင်ဘာလအထိ စတုတ္ထသုံးလပတ်တွင်မူ စီးပွားရေးဖွံ့ဖြိုးမှုနှစ်ပတ်လည်နှုန်းမှာ ၀ ဒသမ ၆ ရာခိုင်နှုန်းသာရှိကြောင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနက ကြေညာသည်။အိမ်ရာဈေးနှုန်းများထိုးကျစဉ် အိုးအိမ်လုပ်ငန်းမှာ ၂၅ နှစ်အတွင်း အနိမ့်ဆုံးအဖြစ် ၁၆ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းသွားသည့်အတွက် အမေရိကန်စီးပွားရေး ဖွံ့ဖြိုးမှု လည်း ၀ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားရခြင်းဖြစ်သည်။
ယခုနှစ် စတုတ္ထသုံးလပတ်တွင် အမေရိကန်စီးပွားရေး၏ နှစ်ပတ်လည်ဖွံ့ဖြိုးမှုနှုန်းမှာ ၁ ရာခိုင်နှုန်းအောက်ဖြစ်
မည်ဟု အိုင်အမ်အက်ဖ်က ခန့်မှန်းသည်။အမေရိကန်စီးပွားရေး ကျဆင်းမှုမှာ အချိန်ကြာမြင့်နိုင်သည်ဟု ကမ္ဘာ့စီးပွားရေးဖိုရမ်မှ စီးပွားရေးပညာရှင်တစ်စုက သတိပေးထားသည်။
အခွန်ပေးရန် တန်ဖိုးပေါ်ပြန်အမ်းငွေတွင် ဒေါ်လာဘီလီယံ ၁၅၀ဆောင်းပေးမည့် စီးပွားရေးကျားကန်မှု အစီအစဉ်အပေါ် အမေရိကန်ကွန်ဂရက်နှင့် သမ္မတဘုရှ်အစိုးရတို့ သဘောတူညီပြီးဖြစ်သည်။ထိုအစီအစဉ်ကို အောက်လွှတ်တော်က ထောက်ခံပြီးလည်း ဖြစ်သည်။အထက်လွှတ်တော်၏အတည်ပြုချက်သာ စောင့်နေသည်။ အလုပ်ဖြုတ်မှုများမှာ အစုအပြုံလိုက် ကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ၀န်ဆောင်မှု လုပ်ငန်းအပါအ၀င် အမေရိကန် စီးပွားရေးကဏ္ဍအားလုံးတွင် ကြုံတွေ့ရသည်။
အရေးပေါ်ဖြတ်တောက်
အမေရိကန်ဗဟိုဘဏ်က ပြီးခဲ့သည့်ရက်သတ္တပတ်၌ အတိုးနှုန်းများကို အစီအစဉ်မရှိ အရေးပေါ် ဖြတ်တောက်ပြီး နောက် ဇန်န၀ါရီ ၃၀ ရက်ကလည်း အတိုးနှုန်းကို ၃ဒသမ ၅ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းသို့ လျှော့ချလိုက်သည်။ အမေရိကန်နိုင်ငံ၌ မမှန်မကန် ငွေချေးမှုတိုက်ဖျက်ရေး အစီအစဉ်အရ အိမ်ရာမြေ၀ယ်သည့်အခါ ထုတ်ချေးသည့်ငွေအပေါ် ထောက်ခံသည့်အတိုးနှုန်းစသည့် အပေါင်ကိစ္စများတွင် ပတ်သက်နေသော ကုမ္ပဏီ ၁၄ခုကို အက်ဖ်ဘီအိုင်က စုံစမ်းနေသည်။အမေရိကန်စီးပွားရေးဖွံ့ဖြိုးမှု နှစ်ပတ်လည်နှုန်းမှာ၂၀၀၇ ခုနှစ် ဇူလိုင်လနှင့် စက်တင်ဘာလအတွင်း တတိယသုံးပတ်တွင် ၄ ဒသမ၉ ရာခိုင်နှုန်းရှိသည်။ထိုနှစ်အောက်တိုဘာလမှ ဒီဇင်ဘာလအထိ စတုတ္ထသုံးလပတ်တွင်မူ စီးပွားရေးဖွံ့ဖြိုးမှုနှစ်ပတ်လည်နှုန်းမှာ ၀ ဒသမ ၆ ရာခိုင်နှုန်းသာရှိကြောင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနက ကြေညာသည်။အိမ်ရာဈေးနှုန်းများထိုးကျစဉ် အိုးအိမ်လုပ်ငန်းမှာ ၂၅ နှစ်အတွင်း အနိမ့်ဆုံးအဖြစ် ၁၆ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းသွားသည့်အတွက် အမေရိကန်စီးပွားရေး ဖွံ့ဖြိုးမှု လည်း ၀ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားရခြင်းဖြစ်သည်။
ကြိုတင်ခန့်မှန်းချက်
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(အိုင်အမ်အက်ဖ်)က ယခုနှစ်ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှု ကြိုတင်ခန့်မှန်းချက်ကို လျှော့ချလိုက်သည်။အဓိကဖွံ့ဖြိုးပြီးနိုင်ငံများ၏ စီးပွားရေးများမှာ ယခုနှစ်ဆက်၍ တိုးတက်မည်။သို့သော် လွန်စွာအင်အားနည်းသည်ဟု ခန့်မှန်းသည်။ကမ္ဘာ့စီးပွားရေးတိုးတက်မှုမှာ ပြီးခဲ့သည့်နှစ်က ၅ ရာခိုင်နှုန်းရှိပြီး ယခုနှစ်တွင် ၄ ဒသမ ၁ ရာခိုင်နှုန်းသာရှိမည်ဟု ခန့်မှန်းသည်။ယခုနှစ် စတုတ္ထသုံးလပတ်တွင် အမေရိကန်စီးပွားရေး၏ နှစ်ပတ်လည်ဖွံ့ဖြိုးမှုနှုန်းမှာ ၁ ရာခိုင်နှုန်းအောက်ဖြစ်
မည်ဟု အိုင်အမ်အက်ဖ်က ခန့်မှန်းသည်။အမေရိကန်စီးပွားရေး ကျဆင်းမှုမှာ အချိန်ကြာမြင့်နိုင်သည်ဟု ကမ္ဘာ့စီးပွားရေးဖိုရမ်မှ စီးပွားရေးပညာရှင်တစ်စုက သတိပေးထားသည်။

No comments:
Post a Comment