အမေရိကန်နိုင်ငံ တောင်ပိုင်း ပြည်နယ် လေးခုတွင် ဖေဖော်ဝါရီ ၅ ရက်က ပြင်းထန်သော လေဆင်နှာမောင်း ၀င်ရောက်တိုက်ခတ်သွားရာလူ၅၀ကျော် သေဆုံးသွားကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။
လေဆင်နှာမောင်း တိုက်ခတ် သွားသော ပြည်နယ်များမှာ အာကင်ဆတ်စ်၊ မစ္စစ္စပီ၊ တင်နက်စီ နှင့် ကင်တပ်ကီပြည် နယ်များ ဖြစ်သည်။ လေဆင်နှာမောင်း တုက်ခတ်သွားပြီးနောက် တင်နက်ဆီ ပြည်နယ်ရှိ ဓာတ်ဆီဆိုင် တစ်ဆိုင်တွင် မီးလောင်မှု ဖြစ်ပွားသည်။ ထို့ပြင် အိမ်များ၊ ကားများလည်း အများအပြားပျက်စီးခဲ့သည်။
လေဆင်နှာမောင်းတိုက်နေစဉ်အတွင်း ယင်းပြည်နယ်ရှိ တက္ကသိုလ်ကျောင်းဆောင်တွင် ကျောင်းသားအချို့မှာ ပိတ်မိ နေခဲ့ကြသည်။မကြာသေးမီလများ အတွင်းက ဂျက်ဆင်၊အောက်စ်ဖို့ဒ်နှင့် မစ္စစ္စပီ ဒေသများ အတွင်း လေဆင်နှာမောင်း အနည်းဆုံး ခြောက်ကြိမ်မျှ ကျရောက်ခဲ့ပြီးဖြစ်သည်ဟုဆိုသည်။
ယခုနောက်ဆုံးတိုက်ခတ်ခဲ့သော လေဆင်နှာမောင်းကြောင့် အာကင်ဆတ်စ်ပြည်နယ်မှ အနည်းဆုံး ၁၁ ဦး၊တင်နက်ဆီပြည်နယ်မှ ၁၃ဦးနှင့် ကင်တပ်ကီပြည်နယ်မှ ခုနှစ်ဦးတို့ သေဆုံးကြောင်း အာဏာပိုင်များက ပြောကြားသည်။ ထောင်နှင့်ချီ ရှိသော ပြည်သူများမှာလည်း လျှပ်စစ် ဓာတ်အားများ ပြတ်တောက်သွားသည့်အဖြစ်နှင့် ကြုံနေရသည်။ အာကင်ဆတ်စ်ပြည်နယ် အတ်ကင်းစ်မြို့မှ မိဘနှစ်ဦးနှင့် ၁၁ နှစ်အရွယ် သမီးတို့မှာ လေဆင်နှာမောင်းဒဏ်ကြောင့် သေဆုံးခဲ့ရသည်။လေမုန်တိုင်းဒဏ်ခံရသော ဒေသများ၌ ကယ်ဆယ်ရေးလုပ်သားများက ဒုက္ခရောက်နေသူများအား လိုက်လံရှာဖွေကယ်ဆယ်နေကြဆဲ ဖြစ်သည်။

No comments:
Post a Comment