Sunday, May 25, 2008

မုန်တိုင်းဒဏ်ခံရသော ပြည်သူများတွက် ပြည်နယ်နှင့် တိုင်းအသီးသီးရှိစေတနာရှင် အလှူရှင်များက ထောက်ပံ့ငွေနှင့် ပစ္စည်းများ ဆက်လက်လှူဒါန်း

မုန်တိုင်းဒဏ်ခံရသော ပြည်သူများတွက် ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဌာနဆိုင်ရာများ၊အသင်းအဖွဲ့များ၊တပ်မတော်သားများနှင့် စေတနာရှင် ပြည်သူများကအမျိုးသားရေးစိတ်ဓာတ်အရင်းခံဖြင့် ထောက်ပံ့ငွေနှင့်ပစ္စည်းများကို ဆက်လက်ပေးပို့လှူဒါန်းလျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ စေတနာရှင်ပြည်သူများက ငွေ ၂၁၁၀၅၅ ကျပ်၊ရှမ်းပြည်နယ် (တောင်ပိုင်း) မှ စေတနာရှင် ပြည်သူများက အလှူငွေကျပ် ၅၀၂၅၆၀၀ နှင့် ငွေကျပ် ၂၈၅၀၅၈၀ တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများ၊တနင်္သာရီမှ စေတနာရှင်ပြည်သူ များကငွေကျပ် ၁၇၄၈၂၅၀၀ တန်ဖိုးရှိ အိမ်ဆောက်ပစ္စည်းများ၊စစ်ကိုင်းတိုင်းမှ တပ်မတော်သား မိသားစုများနှင့် စေတနာရှင်ပြည်သူများက ငွေကျပ် ၂၄၁၅၁၆၉၆ တန်ဖိုးရှိ ဆန် ၄၃၇ အိတ်၊ အ၀တ်အထည်မျိုးစုံနှင့် စားသောက်ကုန်ပစ္စည်းများကို ပေးအပ်လှူဒါန်းကြရာ ဘဏ္ဍာငွေ လက်ခံရေးနှင့် ထုတ်လုပ်ရေး ဆပ်ကော်မတီသို့ လာရောက်လှူဒါန်းငွေ ၉၁၁၀၀၀၀ အပါအ၀င် ယနေ့လှူဒါန်းငွေနှင့် ထောက်ပံ့ရေး ပစ္စည်း စုစုပေါင်းတန်ဖိုးမှာ ငွေ ၆၃၁၉၈၆၇၆ ကျပ်ဖြစ်ပြီး မေ ၂၄ ရက်အထိလှူဒါန်းသည့်ငွေနှင့် ထောက်ပံ့ ရေးပစ္စည်း စုစုပေါင်းတန်ဖိုးမှာ ငွေ ၉၄၄၅၈၃၃၂၉၉ ကျပ် ရှိပြီဖြစ်ကြောင်း သိရှိရသည်။




No comments: