
ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေသည် ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်လှဌေးဝင်း၊ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသက္ကဌ မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက၆ နာရီခွဲတွင် ရန်ကုန်မြို့ရှိ နိုင်ငံပိုင် အဆောက်အအုံဝင်းများအတွင်းရှိ မုန်တိုင်းဒဏ်ကြောင့် လဲပြိုသွားသော သစ်ပင်များနှင့် အမိှုက်သရိုက်များကို အပြီးသတ် ရှင်းလင်းနေမှုနှင့် ပျက်စီးသွားသော နိုင်ငံပိုင်အဆောက်အအုံများ ပြန်လည်ပြင်ဆင်နေမှုတို့ကို လှည့်လည်ကြည့်ရှု့စစ်ဆေးသည်။
ရှေးဦးစွာ အဖွဲ့ဝင်များသည် လှိုင်တက္ကသိုလ်နယ်မြေရှိ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (လှိုင်နယ်မြေ) သို့ ရောက်ရှိလာပြီး ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေက ကျောင်းဖွင့်အမီ စာသင်ကျောင်းများ ပြင်ဆင်ပြီးစီးရေးနှင့် စပ်လျဉ်း၍လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေသည် လှိုင်တက္ကသိုလ်နယ်မြေအတွင်းတိုက်ကြီးတပ်နယ်မှ တပ်မတော်သားများက လဲကျနေသော သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းနေမှုကို ကြည့်ရှု့စစ်ဆေးပြီး နှစ်ကာလရှည်ကြာစွာ ပြုစုထိန်းသိမ်းစောင့်ရှောက်ခဲ့ရသော သစ်ပင်များ ဆုံးရှုံးမှုမရှိစေရေးအတွက် ပြန်လည်ရှင်သန်နိုင်သော လဲကျနေသည့် သစ်ပင်များကို ခုတ်ထွင်ဖယ်ရှားခြင်းမပြုဘဲ ပြန်လည်တည့်မတ် စိုက်ပျိုးသွားရန် မှာကြားသည်။
ယင်းနောက် ရန်ကုန်တက္ကသိုလ်ဓမ္မရုံအတွင်း၌ လဲကျနေသော သစ်ပင်များကို အမှတ်(၇၇) ခြေမြန် တပ်မဌာနချုပ်အောက်ရှိ တပ်ရင်းမှ တပ်မတော်သားများက စက်ယန္တားရားများ အသုံးပြု၍ ခုတ်ထွင်ဖယ်ရှားရှင်းလင်းနေမှုတို့ကို လိုက်လံကြည့်ရူစစ်ဆေးရာ ဗိုလ်မှူးချုပ်ဝင်းမြင့်က လိုက်လံရှင်းလင်းပြသပြီး ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေက လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ရန်ကုန်တက္ကသိုလ်နယ်မြေ အဓိကလမ်း၌ အမှတ်(၁၁) ခြေမြန်တပ်မဌာနချုပ်အောက်ရှိ တပ်ရင်းများမှ တပ်မတော်သားများက လဲကျနေသော သစ်ပင်များအား ခုတ်ထွင်ဖယ်ရှားရှင်းလင်းနေမှုကို ကြည့်ရှု့စစ်ဆေးရာ ဗိုလ်မှူးချုပ်လှမင်က လိုက်လံရှင်းလင်းပြသသည်။
ထို့နောက် အဓိပတိလမ်းတစ်လျှောက် လဲပြိုသွားသော သစ်ပင်များခုတ်ထွင်ရှင်းလင်းနေမှုနှင့် စာသင်ဆောင်များ၊ကျောင်းအဆောက်အအုံများပြန်လည်ပြင်ဆင်ပြီးစီးမှု အခြေနေများကို လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေက ကျောင်းဖွင့်အမီ ပြင်ဆင်ရေးလုပ်ငန်းများပြီးစီအောင် ဆောင်ရွက်ရန်မှာကြားသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေနှင့် အဖွဲ့ဝင်များသည် ပြည်လမ်းရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံအတွင်းသို့ ရောက်ရှိကြပြီး ၀င်းအတွင်း၌ ရန်ကုန်တိုင်း စစ်ဌာနချုပ်အောက်ရှိ တပ်ရင်းများမှ တပ်မတော်သားများက လဲပြိုနေသော သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းနေမှုကို ကြည့်ရှု့စစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေက ပြန်လည်ရှင်သန်နိုင်သော သစ်ပင်များအား အကိုင်းအခက်များကို ခုတ်ထွင်ရှင်းလင်းပြီး ပင်စည်ပြန်လည်တည့်မတ် စိုက်ပျိုးသွားရန် မှာကြားသည်။
ဆက်လက်၍ ကမ္ဘာအေးစေတီလမ်း အင်းလျားကန်ရှိ မြကျွန်းသာဥယျာဉ်၌ လဲကျနေသော သစ်ပင်များအား မှော်ဘီတပ်နယ်မှ တပ်မတော်သားများက ရှင်းလင်းနေမှုကို ကြည့်ရှု့စစ်ဆေးပြီး ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေက လဲကျနေသော သက်တမ်းရင့် ကုက္ကိုင်ပင်ကို အကိုသ်းအခက်များခုတ်ထွင်ပြီး ပြန်လည်တည့်မတ် စိုက်ပျိုးရန် တာဝန်ရှိသူများအား မှာကြားသည်။
No comments:
Post a Comment