Thursday, May 29, 2008

မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်သို့ ငွေလှူဒါန်း


မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်သို့ အလှူရှင်များက ငွေလှူဒါန်းပွဲအခမ်းအနားကို ယနေ့တွင် မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ် ဧည့်ခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဌ ဒေါ်ခင်ခင်ဝင်းက လှူဒါန်းငွေးများအား လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
တက်ရောက်
အဆိုပါ လှူဒါန်းပွဲသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါ်ခင်သက်ဌေးနှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များနှင့် အလှုရှင်များတက်ရောက်ကြသည်။
လှူဒါန်း
ယနေ့လှူဒါန်းရာတွင် DENT Myanmar Dental ကငွေကျပ် ၁၀၀၀၀၀၀၊ Allure Group မှ ဒေါက်တာထွန်းမင်းလတ်-ဒေါက်တာ ၀င်းမင်းစိုးတို့က ဆေးခန်းဖွင့်လှစ်ခြင်းအထိမ်းအမှတ်အဖြစ် ငွေကျပ် ၁၀၀၀၀၀၀ စီကို လှူဒါန်းကြောင်း သတင်းရရှိသည်။(အပေါ်ပုံ)

No comments: