Monday, May 26, 2008

ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိင်ငံနိုင်ငံခြားရေးဝန်ကြီးဌာဝန်ကြီးနှင့်လက်ခံတွေ့ဆုံ


ပြည်ထောင်စုမြန်မာနိုင်ငံတော်နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်သည်တရုတ်ပြည်သူ့
သမ္မတနိင်ငံနိုင်ငံခြားရေးဝန်ကြီးဌာဝန်ကြီး မစ္စတာရန်ကျဲချိနှင် အဖွဲ့ဝင်များအား ယနေ့မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ ဆီဒိုးနားဟိုတယ် အလုံခန်းမ၌ လက်ခံတွေ့ဆုံသည်။

တက်ရောက်
ထိုသို့လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့်အတူ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၀န်ကြီးဦးစိုးသာ၊ကျန်းမာရေးဝန်ကြီးဌာန၀န်ကြီး ဒေါက်တာကျော်မြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီး မစ္စတာရန်ကျဲချိနှင့် အဖွဲ့ဝင်များနှင့်အတူ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာကွမ်မုလည်းတက်ရောက်သည်။

No comments: