သစ်တောရေးရာဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းအောင်သည် မေ ၁၈ ရက် နံနက်ပိုင်တွင် ဘိုကလေးမြို့ လေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံး၌ကျင်းပသည့်လေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့ပစ္စည်းလှူဒါန်းပွဲသို့ တက်ရောက်အားပေးသည်။
အခမ်းအနားတွင် လေးဘေးသင့် ပြည်သူများအတွက် Firefly Mission က ငွေကျပ် ၁၁၇ သိန်းတန်ဖိုးရှိ ဆေးပစ္စည်းများ၊ Apex International ကုမ္ပဏီမှ ဦးအေးမောင်က ဆန်အိတ် ၁၀၀၊ စောင်အထည် ၅၀၀ နှင့် စားသောက်ဖွယ်ရာများ၊ ရွှေသပြေကုမ္ပဏီမှ ဦးသိန်းဝင်းက ငွေကျပ်သိန်း ၅၀ တို့ကို ပေးအပ်လှူဒန်းရာ အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ် တပ်မမှုးဗိုလ်မှုးချုပ်မောင်မောင်အေးနှင့် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်းစီ ဥက္ကဋ္ဌ ဦးစိုးသိန်းတို့က လက်ခံကြသည်။
ညပိုင်းတွင် ၀န်ကြီးသည် ဘိုကလေးမြို့ လေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံး၌ လေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ရောက်ရှိနေသည့် အိန္ဒိယ သမ္မတနိုင်ငံမှ Dr. Prafull Mohan ဦးဆောင်သည့် အထူးကုဆရာဝန်များနှင့် ဆေးကုသရေးအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ကြည့်ရှု
ဆက်လက်၍၀န်ကြီးသည် အမှတ်(၁) အခြေခံအထက်တန်းကျောင်း လေဘေးကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိပြီး လေဘေးသင့် ပြည်သူများအား အ၀တ်အထည်၊ အစားအစာများပေးအပ်နေမှု နှင့် စခန်းသန်ရှင်းရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက်ဝန်ကြီးသည်ဘိုကလေးမြို့အားကစားကွင်း၌ တပ်မတော်ဆေးဘက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် သူနာပြုများ၏ယာယီဆေးရုံးဖွင့်လှစ်၍လေဘေးသင့်ပြည်သူများအားဆေးဝါးကုသပေးနေမှုကိုကြည့်ရှုအားပေးသည်။
အားပေး
ဝန်ကြီးသည် မေ၁၉ ရက် နံနက်ပိုင်း အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ယာယီလေဘေးသင့် ကယ်ဆယ်ရေးစခန်း၌ လေဘေးသင့်ပြည်သူများအား လူသုံးကုန်ပစ္စည်းများပေးဝေနေမှုကို ကြည့်ရှုအားပေးသည်။
ဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ဘိုကလေးမြို့ ဖွဲနုဆီစက်ဆိပ်ကမ်း၌ ဒေသသို့ပြန်ကြမည့် လေဘေးသင့်ပြည်သူများအား နှုတ်ဆက် အားပေးစကားပြောကြားပြီး ရိက္ခနှစ်ပတ်စာ ၊ မိုးရေကာတာလပတ်စများ ၊မျောများ၊ ဓား၊ ပေါက်ပြား၊ ငမန်းလွှများ၊ ငါးဖမ်းပိုက်ကွန်များ၊ ရေသန့်များနှင့် ငွေကျပ် တစ်သောင်းစီ ထောက်ပံ့ပေးအပ်သည်။
လှူဒါန်း
ဝန်ကြီးသည် မေ၂၁ ရက်တွင် ဘိုကလေးမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံး ကယ်ဆယ်ရေးကွပ်ကဲရေးရုံး၌ ကျင်းပသည့် အလှူငွေပေးအပ်ပွဲသို့ တက်ရောက်အားပေးသည်။ အခမ်းအနားတွင် CIFG ကုမ္ပဏီမှ Mr. Lee က ငွေကျပ် သိန်းတစ်ရာ ၊ Asia World ကုမ္ပဏီမှ ဦးသက်နိုင်က ဆန်အိတ် ၂၀၀၊စိန်သန်းဦး ကုမ္ပဏီမှ ဦးစိန်သန်းဦးက ငွေကျပ်သိန်းသုံးရာနှင့် လုံချည်အထည် ၆၀၀၊ မာယာဟောင်ကောင်ကုမ္ပဏီမှ ငွေကျပ်သိန်းငါးရာ ၊ Ten Way ကုမ္ပဏီမှ ဦးအောင်ကျော်ဝင်းက ငွေကျပ်သိန်း တစ်ရာနှင့် ဆန်အိတ် ၅၀၀၊ တင်မြင့်ရီကုမ္ပဏီမှ ငွေကျပ်သိန်း ၂၀၀၊ Win and Win ကုမ္ပဏီမှ ဦးဝင်းဆွေက ငွေကျပ်သိန်း ၁၅၀ နှင့် စားသောက်ဖွယ်ရာများ ကျပ်သိန်း၅၀ ၊ ကယားအထူးဒေသ (၂) မှ ငွေကျပ် သိန်းသုံးရာတန်ဖိုးရှိ အ၀တ်အထည်များ၊ မြက်ဖျာများနှင့်ခေါက်ဆွဲထုပ်များ၊ MKTI ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ Mr.J.H Kim က ငွေကျပ်သိန်းနှစ်ရာတန်ဖိုးရှိ ဆန် ၅၀၃ အိတ် ၊ ရေသန့်ဘူးများနှင့် အ၀တ်အထည်များ လှူးဒါန်းကြသည်။
ညပိုင်းတွင်အောင်ဆန်းဆရာတော်က ဘိုကလေးမြို့နယ်ပြည့်သူ့ဆေးရုံနှင့် တပ်မတော်ဆေးပညာရှင်များအတွက် ငွေကျပ် ဆယ်သိန်းစီနှင့် မဇ္ဈမဂုဏ်ရည်ဆရာတော်က မြို့နယ်ပြည်သူ့ဆေးရုံ တပ်မတော်ဆေးပညာရှင်များအတွက် ငွေကျပ်သိန်း ၅၀ နှင့် ဆေးဝါး၊ အ၀တ်အထည် နှင့် ဖိနပ်များ စုစုပေါင်း ငွေကျပ်သိန်း ၁၂၀၀ဖိုးလှူဒါန်းကြသည်။
စစ်ဆေး
ဝန်ကြီးသည် မေ ၂၂ ရက် နံနက်ပိုင်း တွင် မြင်းကတုန်းကျေးရွာသို့ရောက်ရှိပြီး လေဘေးကြောင့် အခြေခံပညာအထက်ကျောင်းနှင့် တိုက်နယ်ဆေးရုံပျက်စီးမှု များအားဆေးဝါးကုသပေးနေမှုကို ကြည့်ရှု စစ်ဆေးသည်။
ပေးအပ်လှူဒါန်း
ဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ဘိုကလေးမြို့လေဘေးကယ်ဆယ်ရေးကွပ်ကဲရေးရုံး၌ကျင်းပသည့် အလှူငွေပေးအပ်ပွဲသို့ တက်ရောက်အားပေးသည်။ အခမ်းအနားတွင် တာဝန်ရှိသူထံ MRT ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးသန့်ဇင်က ငွေကျပ်သိန်း ၅၀၀ တန်ဖိုးရှိ ဆန် ၂၇၅၄၂ အိတ်၊တာပေါ်လင် ၅၄ လိပ်၊ Legend Internation Development လီမီတက်နှင့် Taw Kan Tranding Mr. Willion ၊ ဦးတင်မောင်ဝင်းနှင့် သူငယ်ချင်းများက ငွေကျပ်သိန်း တန်ဖိုးရှိ အသုံးအဆောင်ပစ္စည်းများ၊ထိုင်းစ၀ပ်ကုမ္ပဏီမှ Mr.P.C Changu ကအလှူငွေ ကျပ်သိန်း တစ်ထောင် ၊ Toseva ကုမ္ပဏီမှ Mr.Jameအလှူငွေ ကျပ်သိန်း တစ်ထောင် ပေးအပ်လှူဒါန်းကြသည်။
ပေးအပ်
ဝန်ကြီးသည် မေ ၂၃ ရက်မွန်းလွဲပိုင်းတွင် ဘိုကလေးမြို့လေဘေးကယ်ဆယ်ရေးကွပ်ကဲရေးရုံး၌ ကျင်းပသည့် အလှူငွေပေးအပ်ပွဲကို တက်ရောက်အားပေးသည်။ အခမ်းအနားတွင် တာဝန်ရှိသူထံ သစ်အခြေခံစက်မှုလုပ်ငန်းရှင်များက အလှူငွေကျပ်သိန်းငါးရာနှင့် 100KVA မီးစက်တစ်လုံး၊ လှိုင်မိသားစုများက အလှူငွေ သုံးသိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများ၊ JLC ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်စိန်နှင့် ဇနီးဒေါ်ထားကြူတို့က ငွေကျပ်သိန်း ၂၀၀၊ Alkemal Co. Ltd မှ Mr. Charanjit Singhကငွေကျပ် သိန်း၂၀၀ အပါအ၀င် JLCကုမ္ပဏီနှင့် မိတ်ဆွေကုမ္ပဏီများက ငွေကျပ်၈၄၂ သိန်း၊ ဇာနီဇော် ကုမ္ပဏီမှ ငွေကျပ် ၁၅ သိန်း ပေးအပ်လှူဒါန်းကြောင်းသတင်းရရှိပါသည်။

No comments:
Post a Comment