Monday, May 26, 2008

ဆော်ဒီအာရေဗျနိုင်ငံ ဘုရင်မင်းမြတ်က လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများပေးပို့


မုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူများအတွက် ဆော်ဒီအာရေဗျနိုင်ငံ ဘုရင်မင်းမြတ် အဗ္ဗဒူလာဘင်အဗ္ဗဒူ (လ်) အာဇစ်အယ်လ်ဆော့ (ဒ်) ကပေးပို့ လှူဒါန်းသည့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ညနေ ၃ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဧည့်ခန်းမ၌ ကျင်းပသည်။
တက်ရောက်

အခမ်းအနားသို့လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်နေရာချထားရေးဝန်ကြီးဌာနမီးသတ်ဦးစီးဌာနညွှန်ကြားရေးမှုးချုပ် ဦးမြင့်ထွန်းနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဆော်ဒီအာရေဗျနိုင်ငံဘုရင်မင်းမြတ်ကိုယ်စားပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီး H.E Mr .Turki Bin Naji AL Ali နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီးကလှူဒါန်းရခြင်းအကြောင်းကိုရှင်းလင်းပြောကြားပြီ်မီးသတ်ဦးစီးဌာနညွှန်ကြားရေးမှုးချုပ်ထံ ထောက်ပံ့ရေးပစ္စည်းစာရင်းကို လွှဲပြောင်းပေးအပ်သည်။

လှည့်လည်ကြည့်ရှု

ယင်းနောက်မီးသတ်ဦးစီးဌာနညွှန်ကြားရေးမှုးချုပ်ကလေဘေးသင့်ပြည်သူများကိုယ်စား ကျေးဇူးတင်စကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများကို လှည့်လည်ကြည့်ရှုသည်။
ယနေ့ဆော်ဒီအာရေဗျနိုင်ငံမှပေးပို့လှူဒါန်းသော ပစ္စည်းများမှာ အစားအသောက်မျိုးစုံ၊ ပဲများ၊ စောင်များ၊ ပလတ်စတစ်လိပ်နှင့် ဆေးဝါးမျိုးစုံစုစုပေါင်းတန်ချိန် ၇၃ ဒဿမ ၀၄ တန် ဖြစ်သည်။
ဆော်ဒီအာရေဗျနိုင်ငံမှထောက်ပံ့ရေးပစ္စည်းများကိုလေယာဉ်လေးစင်းဖြင့် ဆက်လက်ထောက်ပံ့ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။



No comments: