Monday, May 26, 2008

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီင်္းဗိုလ်မှူးချုပ်သိန်းဇော်ထံ လေဘေးသင့်ပြည်သူများအတွက် မြန်မာတယ်လီပို့မှ ငွေကျပ် သိန်း၁၀၀၀ ပေးအပ်


ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူချုပ်သိန်းဇော်နှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး ဗိုလ်မှူးချုပ် မောင်အောင်သိမ်း ၊ မေ၂၅ရက်တွင် ရန်ုကုန်မြို့ ဟံသာဝတီဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ရတနာပုံမြို့သစ်တည်ဆောက်ရေးစီမံကိန်း အဆောက်အအုံနှင့်မြေနေရာချထားရေး အစည်းအဝေးသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။

ဆက်လက်၍ ရတနာပုံမြို့သစ်တည်ဆောက်ရေးမန်နေဂျာက ရတနာပုံမြို့သစ် စီမံကိန်း မြေနေရာချထားရေး ကိစ္စများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီ အသီးသီးက ရင်းနှီးမြုပ်နှံဆောင်ရွက်တင်ပြ ကြရာ ၀န်ကြီးများက လိုအပ်သည်များကို မှာကြားပြီး သတ်မှတ်ချိန်အတွင်း သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်ကြရန် မှာကြားသည်။

ထို့နောက် လေဘေးဒေသများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ငွေကျပ်သိန်း ၁၀၀၊ မြန်မာတယ်လီပို့က ငွေကျပ် သိန်း ၁၀၀၀၊ Myanmar Info-Tech မှ ငွေကျပ်သိန်း ၁၀၀၊ တာမိုးညဲချမ်းသာ ထွန်းဝေသာ ကုမ္ပဏီမှ ငွေကျပ် သိန်း ၁၀၀၊ မြန်မာနိုင်ငံ ကွန်ပြူတာအသင်းချုပ်က ငွေကျပ် သိန်း၅၀၊ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များအသင်းက ငွေကျပ် ၁၀သိန်း၊ ရတနာပုံ Cyber Corporation မှ ငွေကျပ် ၁၀သိန်း၊ ZTE Co.Ltd မှ Telecom Equipment များအတွက် အမေရိကန်ဒေါ်လာ ၃ဒသမ ၃သန်းနှင့် အမေရိကန်ဒေါ်လာ ၁၀ ၀၀၀တန်ဖိုးရှိစောင်များ ၊ Fisca Co.Ltd မှ အမေရိကန်ဒေါ်လာ ၁၅၀ ၀၀၀တန်ဖိုး ရှိသော Emergency Car Mobile SCDMA System Alcaltel Shanghai Bell Co.Ltd မှ အမေရိကန်ဒေါ်လာ ၉၃၀၀၀တန်ဖိုးရှိ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ၊ Sum Moon International Pte.,Ltd က အမေရိကန်ဒေါ်လာ ၁ ၀၀၀၀၀တန်ဖိုး ရှိသော ဆက်သွယ်ရေးစက်ပစ္စည်းများ၊ IPTEL Co,က အမေရိကန် ဒေါ်လာ ၆၀၀၀ တန်ဖိုးရှိ ဆက်သွယ်ရေးပစ္စည်းများ စုစုပေါင်းငွေကျပ် ၁၄၅၅သိန်းနှင့် အမေရိကန်ဒေါ်လာ ၃ဒသမ ၇၁၃သန်း တန်ဖိုးရိှ ပစ္စည်းများကို ပေးအပ်လှူဒါန်းကြရာ ၀န်ကြီးများက လက်ခံကြကြောင်း သတင်းရရိသည်။


No comments: