Tuesday, May 27, 2008

ရှမ်းပြည်နယ်(တောင်ပိုင်း)မှ စေတနာရှင်၊ အလှူရှင်များက လေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများ နေ့စဉ်ပေးပို့ လှူဒါန်းလျက်ရှိ


ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် အရှေ့တိုင်းစစ်ဌာနချုပ်၏ ကြီးကြပ်မှုဖြင့် လေဘေးသင့်ပြည်သူများအတွက် တပ်မတော်မိသားစုဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက အမျိုးသားရေးစိတ်ဓါတ်အရင်းခံဖြင့် အလှူငွေ အထောက်အပံ့ပစ္စည်းများကို နေ့စဉ်ပေးပို့လှူဒါန်းလျက်ရှိရာ မေ၁၂ရက် မွန်းလွဲ ၁နာရီခွဲက တောင်ကြီးမြို့ မြိှု့တော်ခန်းမ၌ အလှူရှင်များအား ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပသည်။

No comments: