အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးစိုးသာနှင့် ဆွီဒင်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ၀န်ကြီး မစ္စရန်နီလာကာလ်ဆွန်တို့သည် ပြည်ထောာင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ ဆွီဒင်နိုင်ငံ သံအမတ်ကြီး Mr.Lenneart Linner နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက် ၈နာရီတွင် ရဟတ်ယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဖျာပုံမြို့သို့ သွားရောက်ကြသည်။
ဝန်ကြီး ဦးစိုးသာနှင့် အဖွဲ့သည် ဖျာပုံမြို့၌ ဟိုတယ်နှင့် ခ၇ီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်စိုးနိုင်နှင့်အတူ ဖျာပုံမြိ့ရှိ အိန္ဒိယ-မြန်မာဆေးအဖွဲ့များ ပူးတွဲဖွင့်လှစ်ထားသော ဆေးကုသရေးစခန်း၌ လေဘေးသင့်လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု့လေ့လာပြီး လေဘေးသင့်ပြည်သူများအား အားပေးစကား ပြောကြားကြသည်။

No comments:
Post a Comment