Wednesday, May 28, 2008

လေဘေးသင့်ပြည်သူများ၏ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုဝန်ကြီးဗိုလ်ချုပ်ဇော်မင်း ကြည့်ရှု



ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်အောင်မင်းသည် မေ ၂၅ တွင် ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကွမ်ကျုးပြည်နယ်မှ ဆရာဝန်များနှင့် မြန်မာနိုင်ငံမှ ဆရာဝန်များပူးပေါင်း၍ လေဘေးသင့်ပြည်သူများ၏ ကျန်းမာရေးကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု့အားပေးသည်။
ရှေးဦးစွာ ၀န်ကြီးသည် ဒေးဒရဲမြို့ ပြည်သူ့ဆေးရုံ၌ လေဘေးဒဏ်ကြောင့် ဒဏ်ရာရလူနာများအား နှစ်နိုင်ငံဆရာဝန်များဖြင့် ကုသနေခြင်းကိုလည်းကောင်း၊ဒေးဒရဲမြို့၌ ဖွင့်လှစ်ထားရှိသော ကယ်ဆယ်ရေးစခန်း၌ လေဘေးသင့် ဒဏ်ရာရသူများအားနှစ်နိုင်ငံ ဆရာဝန်များဖြင့် ဆေးကုသမှုများ ဆောင်ရွက်နေခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်နေခြင်းတို့ကိုလည်းကောင်း ကြည့်ရှု့အားပေးပြီး လူနာများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ိထို့နောက် ၀န်ကြီးသည် မေ ၂၆ ရက်တွင် နိုင်ငံတော်မှ လှူဒါန်းသော စက်မှုလယ်ယာမှ ထုတ်လုပ်သည့် မြင်းကောင်ရေ(၆/၈) ကောင်အားရှိသော လယ်ယာ(၂၂)လက်တွန်းထွန်စက် ၁၀၂ စီးနှင့် ဧဒင်ကုမ္ပစီမှ လှူဒါန်းသော လယ်ယာ(၂၂)လက်တွန်းထွန်စက် ၂၀ စုစုပေါင်း ၁၂၂ စီး ရောက်ရှိတပ်ဆင်မှုကို သွားရောက်ကြည့်ရှု့ခဲ့ပြီး အဆိုပါ လယ်ယာ (၂၂) လက်တွန်းထွန်စက်များကို ဒေးဒရဲမြို့နယ်အတွင်းရှိ လေဘေးသင့် ကျေးရွာများမှ တောင်သူလယ်သမားများအား လယ်ယာမြေ အမြန်ဆုံး ဖော်ထုတ်နိုင်ရေးအတွက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



No comments: