Sunday, June 15, 2008

မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် လာရှိုးကွန်ပျူတာ တက္ကသိုလ်၌ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) သစ်တောဦးစီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို လာရှိုးမြို့ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ကွန်ပျူတာတက္ကသိုလ်ဝင်းအတွင်း၌ ဇွန်၁ရက် နံနက်၉နာရီကကျင်းပသည်။
အခန်းအနားတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း ) အေးချမ်းသားယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်သန်းထွဋ်က အမှာစကားပြောကြားပြီး သစ်တောဦးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက သစ်တောသစ်ပင်စိုက်ပျိုးမှု အခြေအနေကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက တက်ရောက်လာသောဌာနဆိုင်ရာ နှင့် လူမှုရေး အသင်းအဖွဲ့များသို့ ပျိုးပင်များဖြန့်ဝေပေးကား သတ်မှတ်နေရာများတွင် ကံ့ကော်၊ခရေ၊ သစ်လှ၊ ရေမျှော ၊ခါတော်မီ၊မယ်ဇင်နှင့် ပိတောက်ပင်များစုစုပေါင်း ၁၇၅၀ ကို စိုက်ပျိုးပေးကြကြောင်းသိရသည်။

No comments: