Monday, June 16, 2008

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း၌ အင်းအားပြင်းငလျင်လှုပ် ခြောက်ဦးသေဆုံး၊ ၁၀၀ကျော် ဒဏ်ရာရရှိ


ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း၌ ဇွန်၁၄ရက် နံနက်ပိုင်းက ပြင်းအား ၇ဒဿမ၂ ရစ်ခ်ျတာစကေးရှိ အင်အားပြင်း
ငလျင်လှုပ်ခဲ့ရာ ခြောက်ဦးသေဆုံးပြီး ၁၀၀ကျော် ဒဏ်ရာရရှိသွားကြောင်း ဂျပန်မီဒီယာများက သတင်းထုတ် ပြန်သည်။
ဗဟိုပြု
ယင်းငလျင်မှာ အီဝါတေးခရိုင်တောင်ပိုင်း မြေအောက် ၈ကီလိုမီတာအနက်တွင် ဗဟိုပြုလျက် လှုပ်ခဲ့ခြင်းကြောင်း၊ ငလျင်ဒဏ်ကို အီဝါတေးနှင့် မီယာဂျီခရိုင်ရှိ နေအိမ် ၂၉၀၀၀ခန့် ခံခဲ့ရကြောင်း၊ အထူးသဖြင့် တိုကျိုအပါအ၀င် ဟွန်ရှူးကျွန်း အရှေ့မြောက်ဘက်ဒေသများ ငလျင်ဒဏ်ခံခဲ့ရကြောင်း ဂျပန်မိုးလေ၀သ အေဂျင်စီက ပြောကြားသည်။
မြေပြို
ယင်းငလျင်ကြောင့် မီယာဂျီခရိုင် ကူရီဟာရာမြို့၌ တံတားပြိုကျ၍ လမ်းများပျက်စီးသွားကြောင်း ၊ ငလျင်ကြောင့် မြေပြိုမှုဖြစ်ပွားရာ အလုပ်သမားသုံးဦး ပျောက်ဆုံးနေကြောင်း ၊ ဘတ်စ်ကားတစ်စီးမှာလည်း ငလျင်ကြောင့် မြေပြိုပိနေပြီး ခရီးသည် ၁၇ဦး ပိတ်မိနေကြောင်း သတင်း၌ ဖော်ပြသည်။
ပိတ်ထား
မြေငလျင်လှုပ်ပြီးနောက် တိုဟိုကုရှင်ကန်ဆန် ရထားလိုင်း ပြေးဆွဲမှုများ ရပ်ဆိုင်းပြီး မီယာဂျီခရိုင်၌ အဝေးပြေးကားလမ်း အားလုံး ပိတ်ထားရကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြသည်။

No comments: