ဧရာဝတီတိုင်း ပုသိမ်မြို့၌ ရောက်ရှိနေသည့် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှုးချုပ် ဗိုလ်ချုပ်ကျော်ဆွေ၊ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဝင် ၀န်ကြီးများ ၊ ဒုတိယ၀န်ကြီးများ၊ အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိပုဂ္ဂိုလ်များပါလျက် ယနေ့နံနက် ၉နာရီ ၁၅မိနစ်တွင် ရဟတ်ယာဉ်များဖြင့် ပုသိမ်မြို့မှ ငပုတောမြို့နယ် ကျောက်ကလပ်ကျေးရွာသို့ ရောက်ရှိသည်။
ထို့နောက်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောက်ကလပ်ကျေးရွာမှ လေဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြပြီး ဆယ်တင်ပစ္စည်းများနှင့် ဒေသန္တရထွက်ပစ္စည်းများပေါင်းစပ်၍ ပြန်လည်တည်ဆောက်ထားသည့် ယာယီတဲအိမ်များကို ကြည့်ရှု့စစ်ဆေးကြသည်။
ဆက်လက်၍ ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောက်ကလပ်ကျေးရွာ အခြေခံပညာ အထက်တန်း
ကျောင်းခွဲသို့ ရောက်ရှိကြပြီး ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများအား တွေ့ဆုံ၍ ကျောင်းအဆောက်
အအုံများ ပြုပြင်ပြီးစီးမှု အခြေအနေ၊ ကလေးများအား စာသင်ကြားပေးနေမှု အခြေအနေများကို မေးမြန်း၍ ၀န်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။
ယင်းနောက်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယာယီကျောင်းဆောင်၌ စာသင်ကြား နေမှုများကို ကြည့်ရှု့စစ်ဆေးကြသည်။

ရှင်းလင်းတင်ပြ
ဆက်လက်၍ ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လေမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ကျောင်းဆောင်များ ပြုပြင်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးကြရာ သိဏ်းဆောက်လုပ်ရေး ကုမ္ပဏီမှ စီမံကိန်းဒါရိုက်တာ ဦးမျိုးသိမ်းက ကျောက်ကလပ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ အပါအ၀င် ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းလေဘေး သင့်ဒေသအတွင်းရှိ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများ ပြုပြင်ပြီးစီးမှု အခြေအနေများကို မှတ်တမ်းဓာတ်ပုံများဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောက်ကလပ်ကျေးရွာမှ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ ၊ ကျန်းမာရေး ၀န်ထမ်းများ ၊ ရပ်မိရပ်ဖများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကြသည်။

တက်ရောက်အားပေး
ယင်းနောက်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းခန်းမ၌ ကျင်းပသည့် ကျောင်းသုံးစာရေးကိရိယာနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးကြသည်။
အခမ်းအနားတွင် ရှေးဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က အမှာစကားပြောကြားရာ၌ မိမိဦးဆောင်သည့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကျောက်ကလပ်ကျေးရွာ အပါအ၀င် လေဘေးသင့်ဒေသများ ပြန်လည်တည်ဆောက်ရာ၌ လိုအပ်သည်များကို ဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ရန် လာရောက်ခြင်းဖြစ်ကြောင်း။

အဆင့်မြှင့်တင်
ကျောက်ကလပ်ကျေးရွာကို ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်ရာတွင် ကျေးရွာ၏ လူမှုစီးပွားရေးဘ၀ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး သာမက ဒေသအတွင်းပညာအခြေခံ တတ်မြောက်သည့် လူ့စွမ်းအား
အရင်းအမြစ်များ ပေါ်ထွန်းလာရေးကိုပါ မျှော်မှန်းပြီး လက်ရှိပညာအခြေခံ အထက်တန်းကျောင်းခွဲကို အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ။
သို့ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံတော်က အားထားရသည့် ပညာတတ်များဖြစ်လာအောင် ကြိုးစားသွားရမှာ ဖြစ်ကြောင်း။

ပြုစုပျိုးထောင်
ဆက်လက်၍ သိဏ်းဆောက်လုပ်ရေးကုမ္ပတီ ၊ မေတ္တာဖောင်ဒေးရှင်း အဖွဲ့နှင့် မိုးကြယ်စင်ကုမ္ပဏီတို့က ငွေကြေးထောက်ပံ့မှု အပါအ၀င် ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများကို ကျောင်းအုပ်ကြီးသို့ ပေးအပ်လှူဒါန်းကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ဆရာ၊ ဆရာမများကလည်း မိမိတို့၏ တပည့်များကို ပညာတတ်မြောက်အောင် သင်ကြားပေးသည်သာမက ကိုယ်ကျင့်တရားကောင်းအောင် ၊ စည်းကမ်းနှင့် ဥပဒေများကို လေးစားလိုက်နာတတ်သူများဖြစ်အောင် လေ့ကျင့်ပြုစု ပျိုးထောင်ပေးကြရန် ဖြစ်ကြောင်းဖြင့် မှာကြားသည်။
ထို့နောက် ၀န်ကြီးချုပ်သည် ကျောင်းသုံးစာရေး ကိရိယာများနှင့် ပညာသင်ထောက်ပံ့ငွေများကို ကျောင်းအုပ်ကြီး ဦးကျင်ရွှေအား ပေးအပ်သည်။

ကျောင်းဝတ်စုံများပေးအပ်
ယင်းနောက်ကာကွယ်ရေး ဦးစီးချုပ် (ရေ) ၏ လက်ဆောင်ပစ္စည်းများကို ဟိုင်းကြီးတပ်နယ်မှ ဗိုလ်မှုးချုပ် မျိုးမြင့်သန်းက ကျောင်းအုပ်ကြီးအားပေးအပ်သည်။ဆက်လက်၍ ၀န်ကြီးချုပ်သည် ဆရာ၊ ဆရာမ များနှင့် ကျောင်းသားကျောင်းသူများအတွက် ကျောင်းဝတ်စုံ
များကို ပေးအပ်သည်။
များကို ပေးအပ်သည်။
အားပေးနှုတ်ဆက်
ထို့နောက် ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းသားကျောင်းသူများ စာသင်ကြားနေမှုများကို လိုက်လံကြည့်ရှု၍ အားပေးနှုတ်ဆက်သည်။
ယင်းနောက်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မုန်တိုင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ရသည့် လေဘေးသင့် ပြည်သူများအား နေရာချထားပေးနိုင်ရန် ကျောက်ကလပ်ကျေးရွာ အနီးရှိ လေကာ၊ ရေကာနေရာရရှိနိုင်သည့် မြေနေရာများကို ကြည့်ရှုကြသည် ။

စီမံဆောင်ရွက်
ဆက်လက်၍ ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုန်းတော်ပြည့်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းကို ၀င်ရောက်၍ ယာယီကျောင်းဆောင် ဖြင့် စာသင်ကြားနေမှုများကို ကြည့်ရှု့အားပေးကြပြီး ၀န်ကြီးချုပ်က ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် စာပေးသင် ကြားနိုင်ရေး စီမံဆောင်ရွက်ပေးရန် တာဝန်ရှိ သူများအားမှာကြားသည်။
ထိုမှတဆင့် ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အုတ်တွင်းကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကယ်ဆယ်ရေးစခန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ၀န်ကြီးချုပ်က လေဘေးသင့် ပြည်သူများ၏ နေရေး၊ စာရေး၊ ၄င်းတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအလိုက် အလုပ်အကိုင်များပြန်လည် လုပ်ကိုင်နိုင်ရေးတို့ အတွက် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို တာဝန်ရှိသူများအား မှာကြားသည်။

ပြင်စလူမြို့
ဆက်လက်၍ ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နံနက်၁၁နာရီခွဲတွင် အုတ်တွင်းကယ်ဆယ်ရေးစခန်းမှ လပ္ပတ္တာမြို့နယ် ပြင်စလူမြို့သို့ ရဟတ်ယာဉ်များဖြင့် ရောက်ရှိကြသည်။
ထို့နောက်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်စလူမြို့ရှိ ဌာနဆိုင်ရာ အဆောက်အအုံ များ ဆောက်လုပ်မှု အခြေအနေကို ကြည့်ရှု့ကြသည်။
ဆက်လက်၍ ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်စလူမြို့ ပြန်လည်တည်ဆောက်ရေး အတွက် စက်ယန္တရား ဖြင့်မြေကြီးမြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ကယ်ဆယ်ရေးစခန်း အခြေအနေများကို ကြည့်ရှု့ကြသည်။

လိုအပ်သည်များမှာကြား
ထို့နောက် ပြင်စလူမြို့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်အကောင်အထည်ဖော်နေမှု များကို တိုင်းမှူးဗိုလ်မှူးချုပ် ကျော်ဆွေက ရှင်းလင်းတင်ပြပြီး မက်စ်မြန်မာ ကုမ္ပဏီမှ တာဝန်ရှိသူများကလည်း ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ၌ ကုမ္ပဏီ၏ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ၀န်ကြီးချုပ်က လိုအပ်သည်များမှာ ကြားသည်။
ယင်းနောက်ဝန်ကြီးချုပ်သည် ပြင်စလူမြို့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် လာရောက်ကူညီ ဆောင်ရွက်လျက်ရှိသည့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များအား နှုတ်ဆက်အားပေးသည်။

လှည့်လည်ကြည့်ရှု့
ထို့နောက် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် ပြင်စလူမြို့မှ လပ္ပတ္တာမြို့သို့ ရဟတ်ယာဉ်များဖြင့် ရောက်ရှိကြပြီး လပ္ပတ္တာမြို့တည်ဆောက်ရေးလုပ်ငန်းများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရဟတ်ယာဉ်ဖြင့် လပ္ပတ္တာမြို့မှ မော်လမြိုင်ကျွန်း-ကျိုက်လတ်- မအူပင်- ရန်ကုန်လမ်းကြောင်း အတိုင်း ပြန်လည်ထွက်ခွာ၍ လမ်းတလျှောက်ရှိ မြို့ရွာများ အခြေအနေ၊ မိုးစပါးစိုက်ပျိုးရေးအတွက် ထွန်ယက်ပြီးစီးမှု၊ ပျိုးထောင်ထားမှုနှင့် စိုက်ပျိုးနေမှု အခြေအနေများကို ကြည့်ရှုပြီး ရန်ကုန်မြို့သို့ မွန်းလွဲ ၂နာရီ၁၅ မိနစ်တွင် ပြန်လည်ရောက်ရှိကြသည်။

No comments:
Post a Comment